စုန်းထီးကြီး ဦးဘသာနှင့် နွားပျောက်ကုန်း
အတွဲ(၄) စာစဉ်(၄) (၁) “ဟိတ်ကောင်လေး၊ ထ . . . ထတော့” ကျုပ်အိပ်နေတုန်း နားထဲမှာအသံဆိုးကြီးကြားလိုက်တယ်ဗျ၊ အသံကဘယ်လိုအသံလဲဆိုတော့ ရေငတ်ပြီးရေမသောက်ရလို့ လည်ချောင်းတွေကွဲနေတဲ့အသံမျိုးဗျ၊ ကျုပ်လည်း မထချင်သေးဘူးဗျာ၊ ဆောင်းအဝင်ဆိုတော့ ရာသီဥတုက အေးအေးနဲ့ ဆက်ကွေးနေတာပေါ့ဗျာ။ “ဟဲ့ကောင်လေး” နောက်တော့ ကျုပ်ကိုခေါ်နေတယ်ဗျ၊ ကျုပ်လည်း မျက်လံုံးကိုမဖွင့်ချင်ပါဘူး၊ ခေါ်နေတာကိုမကြားသလိုလုပ်ပြီးတော့ စောင်ကိုခေါင်းမြီးခြုံပြီးဆက်အိပ်နေလိုက်တယ်။ “သြော်၊ နင်က ငါပါးစပ်နဲ့ပြောတာမရဘူးဆိုတော့၊ လက်တွေ့ပြမှထင်တယ်” အဲဒီအသံကြီးက ပြောတယ်ဗျ၊ နောက်တော့ “ဟဲ့ကောင်လေး၊ နင်အခုထ” အဲဒီလိုလည်းပြောလိုက်ရော ကျုပ်အိပ်နေတဲ့ဖျာကြီးက ဗြန်းခနဲမတ်တပ်ကြီးဖြစ်သွားတာဗျာ၊ ကျုပ်လည်းလန့်ပြီးမျက်လုံးဖွင့်ကြည့်လိုက်တော့ ကွင်းပြင်ကျယ်ကြီးထဲမှာ ကျုပ်ရောက်နေပါရော၊ ပြီးတော့ ကျုပ်ကလည်းမတ်တပ်ကြီးဗျ၊ မတ်တပ်ကြီးဆိုပေမယ့်လည်း လူကအိပ်နေတာ၊ ခေါင်းအုံးနဲ့စောင်ကြီးလည်းခြုံလို့ဗျ၊ ဒါပေမယ့် ကျုပ်အိပ်နေတဲ့ဖျာကြီးက မတ်တပ်ကြီးဆိုတော့ ကျုပ်လည်းမတ်တပ်ကြီးဖြစ်နေတာပေါ့ဗျာ၊ လက်တွေခြေတွေကိုလှုပ်ပေမယ့် လှုပ်မရဘူးဗျို့။ “ဘယ်သူလဲ၊ ဘယ်သူကျုပ်ကိုခေါ်တာလဲ”…