စုန်းထီးကြီးဦးဘသာနှင့် မီးပုံးလွှတ်တဲ့ည
(သီတင်းကျွတ် အထူးစာစဉ်) (၁) သီတင်းကျွတ်ပြီဗျ၊ မိုးလေကင်းလွတ်သီတင်းကျွတ်ဆိုပေမယ့် ကျုပ်တို့အညာမှာတော့ မိုးလွတ်တာကြာခဲ့ပြီဗျ၊ တော်လသင်းလကွယ်ပြီးတာနဲ့ မိုးကအချိန်မှန်မှန်ပဲ ကျုပ်တို့ကိုနှုတ်ဆက်သွားခဲ့ပြီဗျ၊ သီတင်းကျွတ်ဆိုရင်တော့ တစ်ရွာလုံးပျော်ကြတဲ့အချိန်ပဲ၊ လူပျိုအပျိုတွေဆိုရင်လည်း အချင်းချင်းညှိနှိုင်းစေ့စပ်ပြီးလို့ ဘ၀တစ်ခုကိုအတူဖြတ်သန်းဖို့ ဆုံးဖြတ်လိုက်ကြပြီးပြီဆိုရင် သီတင်းကျွတ်ချိန်ကစပြီး ရွာမှာ မင်္ဂလာပွဲတွေ တန်းစီနေတတ်တယ်ဗျ၊ နောက်ပြီး သီတင်းကျွတ်မီးထွန်းပွဲလဲလုပ်ပြီးတော့ ပျော်ပွဲရွှင်ပွဲကျင်းပကြတဲ့အချိန်ပေါ့ဗျာ၊ ဒီကြားထဲအကျွေးအမွေး စတုဒိသာကလည်း ပါသေးတယ်ဆိုတော့ ပိုပြီးပြည့်စုံသွားတာပေါ့။ ဒီနှစ်တော့ ကျုပ်တို့ရွာသီတင်းကျွတ်က ပိုပြီးပျော်စရာကောင်းတာဗျ၊ မြို့က ဘုရားဒကာကြီး ဦးသာဒွန်းက ကျုပ်တို့ရွာကိုလာပြီး အလှူလုပ်မယ်တဲ့ဗျာ၊ ကျုပ်တို့ကာလသား၊ ကာလသမီးတွေအတွက်လည်း အလှူငွေထည့်ပြီးတော့ မီးထွန်းပွဲကျင်းပဖို့ ဆော်ဩတယ်၊ ဒီပွဲလေး ပိုပြီးစည်ကားသွားအောင်လို့ ကျုပ်တို့ကာလသားတွေကလည်း အတီးအမှုတ်၊ အကအခုန်တွေ စီစဉ်ထားသဗျ၊ ညပိုင်းရောက်တဲ့အခါကျတော့ ပွဲငတ်နေတဲ့ရွာသားတွေအတွက် ကိုယ်ထူကိုယ်ထ အငြိမ့်ပွဲလေးတစ်ခု စီစဉ်ကြသေးတယ်။ ပိုပြီး စိတ်လှုပ်ရှားဖို့ကောင်းတဲ့ပွဲကတော့ ဦးသာဒွန်းရဲ့ မီးပုံးလွှတ်ပွဲပေါ့ဗျာ။…