စုန်းထီးကြီးဦးဘသာနှင့် ဘုရားပျံဘသာ
အတွဲ(၅) စာစဉ်(၁၁) (၁) “ဖြစ်ပါ့မလားအောင်ရှိန်ရာ ဘုရားပျံဂိုဏ်းဆိုတာ အထက်လမ်းဂိုဏ်းလေကွ၊ ပြီးတော့ ငါကစုန်းမဟုတ်လား” ဦးအောင်ရှိန်အပြောကို ချောချောတစ်ဖြစ်လဲ ဦးဘသာက အကြောက်အကန်ငြင်းရှာတယ်ဗျ၊ ဦးအောင်ရှိန်က ခေါင်းညိတ်ရင်း “ဖြစ်ပါတယ်ကွာ၊ ငါပြောပြမယ် သာဒင်ရ၊ ဘုရားပျံဂိုဏ်းဆိုတာက ဂိုဏ်းအဖွဲ့ဆိုတာထက် လမ်းစဉ်တစ်ခုပဲကွ၊ ဒီလမ်းစဉ်က အထက်လမ်းစဉ်မဟုတ်သလို အောက်လမ်းစဉ်လည်းမဟုတ်ဘူး၊ ဘုရားပျံတွေရဲ့တာဝန်က မကောင်းသူပယ်ဖို့ပဲကွ၊ ဘုရားပျံတွေရဲ့အဓိက ရန်သူကတော့ ငထေရှင်ဆိုတဲ့အဲဒီလူပဲဟေ့၊ ငထေရှင်ရဲ့ရန်ကို တွန်းလှန်ဖို့က ဘုရားပျံရဲ့တာဝန်ပဲ၊ ဒါပေမယ့် ရှေးကဘုရားပျံအဆက်ဆက်က ငထေရှင်ကိုလည်း စောင့်ကြည့်နေတဲ့အပြင် အားရင်အားသလို မကောင်းမှုလုပ်တဲ့စုန်းတွေ၊ ကဝေတွေ၊ အောက်လမ်းဆရာတွေကို တိုက်ခိုက်နှိမ်နင်းခဲ့ကြတာပဲ” “မင်းပြောတာက ဟုတ်ပါတယ်အောင်ရှိန်ရာ၊ ဒါပေမယ့် ငါကစုန်းလေကွာ” “စုန်းက ဘုရားပျံမဖြစ်ရဘူးဆိုတဲ့ ကန့်သတ်ချက်မရှိပါဘူးကွာ၊ ဘုရားပျံတစ်ယောက်က တခြားဘယ်သူ့ကိုမဆို ဘုရားပျံအဖြစ်လွှဲပြောင်းပေးလို့ရတယ်ကွ၊ အခု ငါ့အခြေအနေနဲ့ပြောရရင် ငါကမစွမ်းနိုင်တော့ဘူး၊ ငါ့ရဲ့အသက်ကို အဓိဋ္ဌာန်နဲ့ဆက်ထားလို့သာ…