စုန်းထီးကြီး ဦးဘသာနှင့် တစ်ခုသော လကွယ်ည
အတွဲ(၃) စာစဉ် (၁၉) (၁) မနက်မိုးလင်းစားသောက်ပြီးတာနဲ့ အမေပေးလိုက်တဲ့ ထမင်းတောင်းကလေးထမ်းပြီးတော့ အိမ်ကထွက်လာခဲ့တာပေါ့ဗျာ၊ လမ်းမှာတော့ ကိုမြင့်တို့နဲ့တွေ့သဗျ၊ “အလတ်ကောင်၊ ငါတို့ ဒီညနေပဲ သွားကြည့်ကြမယ်ဟေ့” “ဘယ်လိုလုပ်မလဲ ပြောပါအုံး” ဘုရားပျက်ကုန်းအနားက တောတန်းထဲကနေ ချောင်းမယ်ကွာ၊ အဲဒီနေရာကနေဆိုရင် ညောင်ပင်ကို အပေါ်စီးကနေ ကောင်းကောင်းမြင်ရတယ်မဟုတ်လားကွ၊ အနားအရမ်းကပ်ရင် ငါတို့ကို မင်းရဲ့ဘိုးတော် သတိထားမိသွားအုံးမယ်ကွ” “အေးပါဗျာ၊ ခင်ဗျားအဆင်တို့ အဆင်ပြေသလိုသာလုပ်ကြပါ” “အောင်မယ်၊ မင်းအခုမှ ဘယ်ပြေးမလို့လည်း၊ မရဘူးအလတ်ကောင်၊ ငါတို့ချောင်းရင် မင်းလည်းလိုက်လာရမယ်” “ဘာဗျ၊ ကျုပ်မှ မအားတာပဲဗျာ” “လုပ်ပြန်ပြီကွာ၊ ကျော်ခေါင်ကလည်း မလိုက်နိုင်ဘူးတဲ့၊ ဒီတော့ ငါနဲ့ဖိုးသားက ဒီဘိုးတော်ကိုယုံတဲ့လူတွေမဟုတ်ဘူးကွ၊ ငါတို့နှစ်ယောက်တည်း တွေ့ခဲ့တာကို ပြောရင် ငါတို့က မလိုလို့တမင်ပြောတယ်လို့ထင်ကြမှာ၊ ဒီတော့ မင်းလည်းလိုက်ရလိမ့်မယ်၊ မင်းက သူ့ဖက်က မဟုတ်လား”…