ဘုရားပျံဦးအောင်ရှိန် (စာမြည်း)
စာစဉ် (၁) (၁) ကျုပ်တို့နေတဲ့ဒေသက ယောမြို့တော် ဂန့်ဂေါလို့အမည်ရတဲ့ ဂန့်ဂေါမြို့ရဲ့ မြောက်ဘက်နားက ရွာကြီးတစ်ရွာပါ၊ ရွာနာမည်ကတော့ မြင်းဇာရွာလို့ခေါ်တယ်ဗျ၊ ကျုပ်တို့အရပ်ကိုတော့ အများက စုန်းတွေ၊ ကဝေတွေ၊ ပညာသည်တွေပေါတယ်ဆိုပြီးတော့ သိကြတယ်ဗျ၊ အဲဒီစကားဟုတ်မဟုတ်တော့ ကျုပ်လည်းမငြင်းလိုပါဘူးဗျာ၊ ဒါပေမယ့် ကျုပ်တို့ငယ်ငယ်ကတော့ ရွာမှာ စုန်းလင်မယားတစ်ယောက်နေကြတယ်၊ အဲဒီစုန်းလင်မယားကို တစ်ရွာလုံးက ကြောက်ကြရတယ်ဗျ။ ကျုပ်အဖေနဲ့အမေကတော့ တောင်သူယာလုပ်ကြတာပေါ့ဗျာ၊ ကျုပ်တို့ရွာထိပ်ကနေ ပြောင်းပြန်စီးနေတဲ့ မြစ်သာမြစ်ကြီးက ဖြတ်သန်းစီးဆင်းနေတာဆိုတော့ စိုက်ဖို့ပျိုးဖို့အတွက် ရေကလည်းမပူရဘူးပေါ့၊ ဒီတော့ မြစ်ကမ်းခြေဘေးနားတစ်လျှောက်က ယာခင်းတွေချည်းပဲပေါ့ဗျာ၊ အဓိကကတော့ မိုးရာသီဆိုရင် ပဲတွေစိုက်တယ်၊ ဆောင်းနဲ့ နွေမှာတော့ နှမ်းလိုမျိုး ဆီထွက်သီးနှံတွေ စိုက်ပျိုးကြတာပေါ့ဗျာ၊ သြော်၊ မေ့လို့ဗျ၊ ခင်ဗျားတို့သိအောင် ကျုပ်ကိုယ်ကျုပ်မိတ်ဆက်ပေးရအုံးမယ်၊ ကျုပ်နာမည်က အောင်ရှိန်လို့ခေါ်တယ်၊ ကျုပ်အဖေက ဦးဘရှိန်တဲ့၊ ကျုပ်အမေကတော့ ဒေါ်လုံးလို့…