လူသားစား ငထွား (အပိုင်း(၂))(ဇာတ်သိမ်း)
ဘသော်လဲ သုံးရက်ခန့်အကြာတွင် စားစရာ အသားမရှိတော့ပေ။ ကလီစာများပါ ငထွားကို ချက်ကျွေးရသေးသည်။ ငထွားကလဲ နောက်ပိုင်းအစားကျူးလာသည်မို့ လူသားများအကုန်မြန်လာသည်။ မောင်စိန်လဲ ကြံရပြန်သည်။ ဒီတစ်ခေါက် မြို့ကိုဆင်းကြတော့ မောင်စိန်လဲ လိုက်ပါလာသည်။ သူ့ဝေစု ပစ္စည်းများကို ထုခွဲရောင်းချရသည်။ ထို့နောက် မောင်စိန်သည် ဈေးထဲဝင်ကာ ဟိုဟိုဒီဒီလိုက်ကြည့်နေမိသည်။ ထို့နောက် ဗမာဆေးဆိုင်တစ်ခုထဲသို့ ဝင်လိုက်သည်။ ထို့နောက် ဝမ်းနှုတ်ဆေးများကို ဝယ်ယူလိုက်လေသည်။ ပြီးတော့ ဓါးပြများနှင့်အတူ ပြန်လာခဲ့ကြသည်။ စခန်းပြန်ရောက်တော့ ထမင်းချက်ဖို့အရေး ပြင်ဆင်ရသည်။ ဘသော်အသားများ အနည်းငယ်သာရှိတော့သည်။ မကြာမီ ဖိုးကျော်က ထမင်းချက်သည့်တဲထဲသို့ ဝင်လာလေသည်။ မောင်စိန်လဲ သူရခဲ့သည့်ငွေများကို ဖိုးကျော်ဆီသို့ပေးလိုက်ရလေသည်။ ဖိုးကျော်က ငွေတွေကိုရေတွက်ရင်း ပြုံးနေလေသည်။ ထိုနေ့မနက်ထမင်းစားပြီးတော့ ဖိုးကျော်ကို မောင်စိန်က လက်ယက်ခေါ်လိုက်လေသည်။ ဖိုးကျော်ကလဲ ထမင်းချက်သည့်တဲထဲသို့ ပြေးလာလေသည်။ မောင်စိန်သည်…