စုန်းထီးကြီးဦးဘသာနှင့် ဦးသူတော်
အတွဲ(၄) စာစဉ်(၁၂) (၁) ကျတ်ကွင်းမှာတစ်ရက်နေပြီးတော့ ပြန်တော့မလို့ပဲဗျ၊ ဒါပေမယ့် ဦးလူဝက နေပါအုံးဆိုပြီး ဆွဲထားလို့ နောက်ထပ်တစ်ရက်ထပ်နေဖြစ်တယ်ပေါ့ဗျာ၊ ဆက်နေလို့လည်း ကျုပ်တို့အတွက်အကျိုးမယုတ်ပါဘူးဗျာ၊ ကျုပ်တို့ကတော့ ကျလေရာပျော်တဲ့အရွယ်မဟုတ်လားဗျ၊ နောက်ရက်မနက်စောစောတော့ ဦးဘသာက လမ်းလျှောက်ထွက်ပြီး ရွာကိုလှည့်ပတ်ကြည့်မယ်ဆိုတော့ ကျုပ်နဲ့ချိုတူးလည်း အနောက်ကနေလိုက်ခဲ့တာပေါ့ဗျာ၊ ငညိုတစ်ယောက်ကတော့ ကွေးနေတုန်းဗျ၊ ဦးလူဝကလည်း လူဝသလောက်အအိပ်မက်တယ်ဆိုပဲ၊ မနက်ဆို နေဖင်ထိုးမှ ထတာတဲ့ဗျာ၊ သူ့သမီးဘုတ်ဆုံကတော့ ဝိရိယကောင်းပါတယ်၊ မနက်အစောထပြီးတော့ ဟင်းတွေထမင်းတွေချက်ပြုတ်နေလေရဲ့။ မနက်ခင်းဆိုတော့ ကွင်းထဲမှာ မြူတွေမကင်းသေးဘူးဗျ၊ ပဲတွေစိုက်ထားတဲ့ ယာခင်းတွေကိုကြည့်လိုက်ရင်း ဟိုးခပ်လှမ်းလှမ်းမှာ နှင်းတွေကျနေသလိုလို၊ မြူတွေကျနေသလိုလိုနဲ့ မှုန်နေပါရောဗျာ၊ လမ်းလျှောက်လာရင်း ရွာထိပ်လောက်ရောက်တော့ ဦးဘသာက ပြန်လှည့်မယ်ဆိုပြီး လှည့်တယ်၊ ဒီအချိန်မှာပဲ ရွာထဲကနေ ဈေးသည်တစ်ယောက် လမ်းလျှောက်ထွက်လာပါရောဗျာ။ “မုန့်ဆီကြော် ပူပူလေးနော်၊ စားကြအုံးမလား” ဈေးသည်ကိုတွေ့တာနဲ့ ချိုတူးက ဘာမပြောညာမပြောနဲ့…