ကြံရဆုံရ သိုက်လှေကြီးမှာ တစ်ခဏ
(ဖြစ်ရပ်မှန်) (၁) ရေတွေအလွန်ကြီးနေသည်။ မောင်ဆေးဆုံတစ်ယောက် မျက်စိတစ်ဆုံးနီးပါး ကျယ်ပြောလှသည့် ရေပြင်ကြီးကို ငေးကြည့်နေမိသည်။ ကောင်းကင်တစ်ခွင်လုံးလည်း မိုးသားတိမ်လိပ်တွေက အုပ်ဆိုင်းနေကာ မုတ်သုံလေတိုက်ခတ်ရာတစ်လျှောက် လျှင်မြန်စွာခရီးနှင်နေလေသည်။ “ဂျိန်း . . . ဝုန်း” တစ်ချက်တစ်ချက် ထစ်ချုန်းကာ ခြိမ်းလိုက်သည့် မိုးခြိမ်းသံကြီးများနှင့်အတူ လျှပ်စီးလက်သဖြင့် ဝင်းလက်သွားသည့်အလင်းရောင်များက ရေပြင်ကြီးတစ်ခွင်လုံးကို ထိန်လင်းသွားစေသည်။ မောင်ဆေးဆုံလည်း ကန်ပေါင်အနီးတွင်ပေါက်နေသည့် သစ်ပင်ကြီးတစ်ပင်အောက်တွင် ထိုင်လိုက်ကာ ငါးမျှားကြိုးများကို ကန်ထဲသို့ပစ်သွင်းလိုက်ပြီး ပင်စည်ကိုမှီကာ ထိုင်စောင့်နေလိုက်သည်။ စင်စစ်အားဖြင့် မောင်ဆေးဆုံ၏အမြင်အာရုံတွင် မြင်တွေ့နေရသည်မှာ ပင်လယ်ကြီးတစ်ခုမဟုတ်သလို၊ မြစ်ပြင်ကျယ်ကြိးတစ်ခုလည်းမဟုတ်ပေ၊ သူတို့အိမ်နောက်ဖေးရှိ ကြီးမားသည့် ကန်ကြီးတစ်ကန်၏ အစပ်တွင် ထိုင်နေခြင်းဖြစ်သည်။ အချို့ကလည်း ထိုကန်ကြီးကို အင်းဟုခေါ်ဝေါ်ကြသည်။ ကန်ကြီးမှာ ယခုလောက်သိပ်မကြီးသော်လည်း မိုးကောင်းသဖြင့် ကံအနောက်မှ ရေလျှံကွင်းများကိုပါ ရေများဖုံးလွှမ်းနေသဖြင့် မသိလျှင် မြစ်ပြင်ကျယ်ကြီးအလား…