လူငယ်တစ်ယောက်ဟာ ကုမ္ပဏီကြီးတစ်ခုမှာ မန်နေဂျာရာထူးအတွက် အလုပ်သွားလျှောက်ပါတယ်။ ပထမ အင်တာဗျူး ဖြေဆိုအောင်မြင်သွားတာကြောင့် အခုဆို နောက်ဆုံးအဆင့် အင်တာဗျူးအတွက် ကုမ္ပဏီရဲ့ ဒါရိုက်တာနဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။
ဒါရိုက်တာလုပ်သူက လူငယ်ရဲ့ ကိုယ်ရေးရာဇ၀င်ကို ကြည့်လိုက်တဲ့အခါ ပညာရေးအဆင့် အောင်မြင်မှုမှာ ထိပ်တန်းဖြစ်နေတာကို တွေ့ရပါတယ်။ ဒါနဲ့ လူငယ်ကို
“ ညီလေး ကျောင်းမှာ ပညာသင်ဆု မလျှောက်ခဲ့ဘူးလား ” လို့မေးပါတယ်။
“ မလျှောက်ခဲ့ဘူးဗျ ”
“ ဒါဆို ကျောင်းစရိတ်တွေကို ညီလေးအဖေက တော်တော်ထောက်ပံ့ပေးခဲ့ရမှာပေါ့ ”
လူငယ်ခေါင်းခါပါတယ်။
“မဟုတ်ဘူးဗျ။ ကျနော်အဖေက ကျနော် တစ်နှစ်သားလောက်မှာ ဆုံးသွားတာ။ ကျနော့် ကျောင်းစရိတ်တွေ ထောက်ပံ့ပေးခဲ့တာ ကျနော့်အမေပါ ”
“ ဒါဆို ညီလေးအမေက ဘာအလုပ်လုပ်တာလဲ ”
“ အမေက ခဝါသည်ပါ ”
လူငယ်ရဲ့အဖြေကိုကြားတော့ ဒါရိုက်တာဟာ လူငယ်ရဲ့လက်ကို သူ့အားခဏပြဖို့ တောင်းဆိုပါတယ်။ လူငယ်ဟာ ဒါရိုက်တာရဲ့ တောင်းဆိုမှုကို လက်ခံပြီး သူ့လက်တွေကို ဖြန့်ပြလိုက်တဲ့အခါမှာတော့ သိပ်ကိုနူးညံ့ချောမွေ့ပြီး လှပတဲ့ လက်တစ်စုံ ဖြစ်နေပါတယ်။
“ ညီလေး အမေ အ၀တ်တွေလျှော်တဲ့အခါ ညီလေး ကူလျှော်ပေးခဲ့ဖူးလား ”
“ ဟင့်အင်း… ကျနော် ဘယ်တော့မှ မလျှော်ပေးခဲ့ရပါဘူး..ဘာဖြစ်လို့လဲဆိုတော့ အမေက ကျနော့်ကို စာပဲ ကြိုးစားခိုင်းခဲ့တာ… ပြီးတော့ အမေအ၀တ်လျှော်တာ ကျနော့်ထက်ပိုမြန်တယ်လေ ”
“ သြော်… ဒါဆို အစ်ကို တစ်ခုလောက် တောင်းဆိုစရာရှိတယ်… ညီလေး အိမ်ပြန်ရောက်တဲ့အခါ အမေ့ဆီ သွားပြီး သူ့လက်တွေကို ဆေးကြောပေးနိုင်မလား… ပြီးရင် မနက်ဖြန် အစ်ကို့ကို ပြန်လာတွေ့ပါ ”
လူငယ်ဟာ သူအလုပ်ရဖို့ ဒီအခွင့်အရေးဟာ အရေးကြီးတယ်ဆိုတာ သိပါတယ်။ ဒီတော့ သူအိမ်ပြန်ရောက်တဲ့အခါမှာ မိခင်ဆီသွားပြီး မိခင်ရဲ့လက်တွေ ဆေးကြောပေးချင်ကြောင်း ခွင့်တောင်းပါတယ်။ မိခင်လုပ်သူက သားရဲ့စကားဆန်းတွေကြောင့် အြံ့သ၀မ်းသာသွားပါတယ်။ စိတ်ခံစားမှုတွေ ရောပြွန်းနေရင်းနဲ့ သူမရဲ့လက်တွေကို သားရှေ့မှာ ထုတ်လိုက်ပါတယ်။
လူငယ်က မိခင်ရဲ့လက်တွေကို ဖြေးဖြေးချင်း ဆေးကြောပါပြီ။ အဲဒီအခိုက်မှာ သူ့မျက်ရည်တွေ စီးကျလို့လာပါတယ်။ မိခင်ရဲ့လက်တွေဟာ ဇရာကြောင့် တွန့်ရှုံ့ပျော့တွဲနေပြီး ဒဏ်ရာတွေ တော်တော်များများရှိနေတာကို ပထမဆုံးအကြိမ်အဖြစ် သူသတိထားမိသွားပါတယ်။ တချို့ဒဏ်ရာတွေဆို သူထိလိုက်တာနဲ့ မိခင်က တွန့်ခနဲ ဖြစ် ဖြစ် သွားတဲ့အထိ နာကျင်နေတာဖြစ်ပါတယ်။
ဒီလက်တွေဟာ သူ့ကျောင်းစရိတ်တွေကို ပေးချေနိုင်ဖို့ နိစ္စဓူ၀ အ၀တ်တွေလျှော်လာခဲ့တဲ့ လက်တစ်စုံပါလားဆိုတဲ့အသိကို သူခံစားမိတာ ဒါ ပထမဦးဆုံးပါပဲ။ မိခင်ရဲ့လက်က ဒဏ်ရာတွေဟာ သူ့ပညာရေးအတွက် သူ့ကျောင်းကိစ္စတွေအတွက် သူ့အနာဂတ်အတွက် လဲလှယ်ပေးဆပ်ခဲ့ရတဲ့ အဖိုးအခတွေပါပဲ။
လူငယ်ဟာ မိခင်ရဲ့လက်တွေကို ဆေးကြောပြီးတဲ့နောက်မှာ မိခင်လျှော်ဖို့ရှိနေတဲ့ အ၀တ်တွေအားလုံးကို နှုတ်ဆိတ်ငြိမ်သက်စွာ လျှော်ဖွတ်ပေးခဲ့ပါတယ်။
အဲဒီညမှာ သားအမိနှစ်ယောက် စကားလက်ဆုံကျရင်း အချိန်အတော်ကြာသွားပါတယ်။
နောက်တစ်နေ့မနက်မှာတော့ လူငယ်ဟာ ဒါရိုက်တာရုံးခန်းဆီ သွားပါတယ်။
ဒါရိုက်တာက
“ ညီလေး မနေ့က အိမ်မှာဘာတွေလုပ်ပြီး ဘာတွေသင်ယူခဲ့လဲဆိုတာ ပြောပြနိုင်မလား ” လို့ မေးတဲ့အခါ လူငယ်ရဲ့မျက်၀န်းမှာ မျက်ရည်စတွေ တွဲခိုလို့နေပါတယ်။
“ အခုတော့ ဘယ်အရာကို တန်ဖိုးထား ကျေးဇူးတင်ရမယ်ဆိုတာ ကျနော်သိသွားပါပြီ… ကျနော့်အမေ မရှိဘဲနဲ့ ဒီကနေ့ ကျနော်ဆိုတာဖြစ်လာမှာမဟုတ်ပါဘူး… တစုံတရာ ပြီးမြောက်အောင်မြင်ဖို့ ဘယ်လောက်ထိ ခက်ခဲကြမ်းတမ်းတယ်ဆိုတာ ကျနော့်အမေကို ကူညီရင်း အခုမှသိရတာပါ…. မိသားစုကို ကူညီထောက်ပံ့ခြင်းရဲ့ အရေးကြီးမှုနဲ့ အဖိုးအခကြီးမှုတွေကိုလည်း တန်ဖိုးထားသိမြင်လာရပါတယ် ”
လူငယ်ရဲ့အဖြေမှာ ဒါရိုက်တာက နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်ပါတယ်။
“ ဒါဟာ အစ်ကိုလိုချင်တဲ့ မန်နေဂျာမှာရှိရမယ့် စိတ်နေသဘောထားပါပဲ… အစ်ကို အလုပ်ခန့်ချင်တာက တခြားလူတွေရဲ့ အကူအညီကို တန်ဖိုးထားတတ်တဲ့ လူမျိုး၊ အလုပ်ကိစ္စတွေ ပြီးမြောက်ဖို့ တခြားလူတွေရဲ့ အခက်အခဲကိုလည်း မြင်အောင်ကြည့်တတ်တဲ့
လူမျိုး၊ ငွေကို ဘ၀ရဲ့ပန်းတိုင်လို သဘောမထားတတ်တဲ့လူမျိုးပါ… ညီလေးကို အလုပ်ခန့်လိုက်ပါပြီ ”
လူငယ် အလုပ်ရသွားပြီး အလုပ်ကိုလည်း အင်မတန်ကြိုးစားခဲ့ပါတယ်။ သူနဲ့တွဲဖက်လုပ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ လေးစားမှုကိုလည်း ရရှိခဲ့ပါတယ်။ လူငယ်ရဲ့ ၀န်ထမ်းတွေအားလုံးကလည်း စည်းလုံးတဲ့အဖွဲ့တစ်ဖွဲ့အဖြစ် အလုပ်ကို ဝီရီယထား ကြိုးစားကြတယ်။ ရလဒ်အဖြစ် ကုမ္ပဏီရဲ့တိုးတက်မှုတွေဟာ အံ့မခန်းဖြစ်လာတော့တာပါပဲ။
ဖြစ်ရပ်ကလေးက ဒါပါပဲ။
ဘာပဲလိုလို အမြဲတမ်းရပြီး အလိုလိုက် အကာအကွယ်ပေးခံနေရတဲ့ ကလေးတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို ဗဟိုပြုစဉ်းစားတဲ့ အတ္တစိတ်တွေ ဖွံ့ဖြိုးလာတတ်တယ်။ သူ့ကိုယ်သူ အမြဲရှေ့တန်းတင်လာတတ်တယ်။ သူ့နောက်ကနေ ထောက်ပံ့နေတဲ့ မိသားစုရဲ့ ကြိုးစားအားထုတ်မှုတွေကို မျက်ကွယ်ပြုလာတတ်တယ်။
သူအလုပ်လုပ်တဲ့အခါ သူ့စကားကို အမြဲတမ်းနားထောင်ရမယ်ဆိုတာမျိုး ဖြစ်လာတတ်တယ်။ သူ မန်နေဂျာဖြစ်လာတဲ့အခါ သူ့လက်အောက်၀န်ထမ်းတွေရဲ့ အခက်အခဲ ဒုက္ခတွေကို စာနာ နားလည်ပေးလိမ့်မှာ မဟုတ်ဘဲ အမြဲတမ်း ဆူပူကြိမ်းမောင်းနေပါလိမ့်မယ်။ အဲဒီလို လူမျိုးတွေဟာ ပညာရေးအရတော့ ထူးချွန်ကောင်း ထူးချွန်ကြပါလိမ့်မယ်။ ဘ၀မှာ ခဏတဖြုတ် အောင်မြင်ကောင်း အောင်မြင်နိုင်ကြလိမ့်မယ်။
ဒါပေမဲ့ နောက်ဆုံးမှာတော့ အောင်မြင်မှုရဲ့ အဓိပ္ပါယ်ကို ခံစားနားလည်ရမှာ မဟုတ်ပါဘူး။ သူတို့ဟာ ပိုမိုတဲ့ လိုချင်မှုတွေအတွက် မကျေမနပ်နဲ့ မြည်တွန်းတောက်တီးနေကြမယ်။ အမုန်းတရားတွေနဲ့ ဖုံးလွှမ်းနေကြမယ်။
ကတောက်ကဆ စကားများရန်ဖြစ်နေကြမယ်။ ကဲ ဒီလိုဆို ကျနော်တို့ဟာ ကလေးတွေကို စိတ်တိုင်းကျ အလိုလိုက်ပြီး အမြဲကာကွယ်ပေးနေတတ်တဲ့ မိဘတွေဖြစ်နေရင် ဒါဟာ သူတို့ကို တကယ်ချစ်ရာရောက်သလား….
ဒါမှမဟုတ် အဲဒီအစား ကိုယ့်ကလေးကိုယ် ဖျက်ဆီးနေကြတာများလား ? ? ?
သင်ဟာ သင့်ကလေးကို အိမ်ကောင်းရာကောင်းနဲ့ နေခွင့်ပြုနိုင်တယ်။ စားကောင်းသောက်ဖွယ်တွေ ကျွေးနိုင်တယ်။ စန္ဒရားတီးတတ်အောင် သင်ပေးနိုင်တယ်။ ကြီးမားတဲ့ ဖန်သားပြင်ရှိတဲ့ ရုပ်မြင်သံကြားစက်တွေကြည့်ခိုင်းနိုင်တယ်။
ဒါပေမဲ့ သင့်အိမ်ခြံ၀င်းထဲက မြက်တွေ ရိတ်ဖြတ်တဲ့အခါ သူတိုိ့ကိုလည်း အဲဒီအတွေ့အကြုံနဲ့ ထိတွေ့ခွင့်ပေးပါ။ ထမင်းစားပြီးတဲ့အခါမှာ စားပြီးသား အိုးခွက်ပန်ကန်းတွေဆေးဖို့ သူတို့အစ်ကိုအစ်မတွေနဲ့အတူ ဝိုင်း၀န်းလုပ်ခွင့်ပေးပါ။ ဒါက အိမ်ဖော်ငှားဖို့ ပိုက်ဆံမရှိလို့ ဒီလိုလုပ်ရတာမဟုတ်ပါဘူး။
သင်က သူတို့ကို သင့်မြတ် မှန်ကန်တဲ့နည်းနဲ့ ချစ်ရာရောက်အောင်လို့ပါ။ မိဘတွေ ဘယ်လောက်ပဲ ချမ်းသာ ချမ်းသာ.. တစ်နေ့မှာ အထက်ပါ ဖြစ်ရပ်ထဲက မိခင်လိုပဲ မိဘတွေဟာ ဆံပင်တွေဖြူ အိုမင်းရင့်ရော်သွားမယ်ဆိုတာ သင့်ကလေးတွေကို နားလည်စေရပါမယ်။
အရေးကြီးဆုံးကတော့ စွန့်လွှတ်ပေးဆပ်ရမှုတွေကို ဘယ်လိုတန်ဖိုးထားရမယ်… အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ကျော်လွှားရမယ်… ပြီးတော့ အရာကိစ္စတွေ ပြီးမြောက်အောင်မြင်ဖို့ အခြားလူတွေနဲ့ တွဲဖက်လုပ်ကိုင်တဲ့အခါ လိုအပ်တဲ့စွမ်းရည်တွေကို သင့်ကလေး သင်ယူတတ်မြောက်ဖို့ပါပဲ။
မိတ်ဆွေ…. ဒီဖြစ်ရပ်ကလေးကို တတ်နိုင်သလောက်များများ မျှဝေဖို့ ကြိုးစားပါ။ ဒီဖြစ်ရပ်ကလေးကို သိရတဲ့ လူတစ်ဦးတစ်ယောက်ရဲ့ ဘ၀ကံကြမ္မာဟာ ထူးထူးခြားခြား ပြောင်းလဲကောင်းပြောင်းလဲသွားနိုင်ပါတယ်။
( The Real Singapore မှ Mother’s Hands Story ကို စူးရှနေ မှ မျှဝေခံစားဘာသာပြန်ဆိုသည်)
ဗဟုသုတမှတ်စုတိုများ။
Credit:မောင်(စွယ်စုံကျမ်း)
ဗဟုသုတကျေးရွာအမေ့လက်များလို့ အမည်ရတဲ့ ဒီပိုစ့်လေးကို ၅ မိနစ်လောက် အချိန်ပေးပြီး ဖတ်ကြည့်လိုက်ပါဗျာ။ ဖတ်ပြီးလျှင် ပြန်လည်မျှဝေစေချင်ပါတယ်…
အမေ့လက်များ
*************

ဗဟုသုတအဖြစ်ပြန်လည်မျှဝေပါသည်