စုန်းထီးကြီး ဦးဘသာနှင့် အစာပင်း
(၁) အပင်းဆိုတာတော့ လူတိုင်းကြားဖူးပြီးသားဖြစ်မှာပါ၊ ဒါပေမယ့် သေသေချာချာနားလည်သလားဆိုရင်တော့ ယောင်ဝါးဝါးပဲသိကြတာ၊ ကျုပ်လိုပေါ့ဗျာ၊ ကျုပ်တို့လဲ အပင်းဆိုတဲ့စကားကို သုံးနေကြတာပါပဲ၊ ဘာကိုသေသေချာချာပြောချင်တာလည်းဆိုရင်တော့ မကောင်းတဲ့အရာ တစ်ခုလို့ပဲပြောနိုင်တယ်၊ သေချာတော့ မပြောတတ်ဘူးဗျ။ ကျုပ်တို့ဒေသက အဆဲသန်တယ်ဆိုတော့ အပင်းဆိုတဲ့စကားကိုလည်း မကြာခဏသုံးတတ်ကြတယ်။ အထူးသဖြင့် ထမင်းစားတယ်ဆိုတာကို အပင်းချတယ်လို့ ပြောတာပေါ့၊ ခုခေတ်တော့ ခေတ်စားနေတဲ့ စောက်ဆိုတဲ့ စကားနဲ့တွဲပြီး စောက်ပင်းချတယ်ဆိုပြီး ဖြစ်သွားရောဗျာ။ ဒေါသထွက်နေတဲ့အချိန်တို့ဘာတို့ဆိုရင် အဲဒီလိုပြောဖြစ်တာများတယ်၊ အမေက ကျုပ်တို့ကိုမျောက်တွေလို့ မပြောတော့ပေမယ့် အပင်းဆိုတာတော့ သိပ်ပြောတာဗျ၊ ကျုပ်တို့ညီမအငယ်ဆုံးလေးက ဟင်းဆိုရင် သိပ်ကြေးများတတ်တာ၊ ဟိုဟင်းမစားဘူး၊ ဒီဟင်းမစားဘူးနဲ့ ဂျီကျတတ်တာပေါ့၊ အမေက စိတ်တိုလာရင် ညီမကိုဆဲရောဗျာ။ “ဟဲ့ နင်က ဒီဟင်းနဲ့မစားရင် ဘယ်ဟင်းနဲ့အပင်းချမလဲ ပြောစမ်း” ဆိုပြီးဆဲတတ်တာပေါ့ဗျာ၊ ကျုပ်တို့တွေကိုဆိုရင်လဲ ဆဲတာပဲ၊ ထုံးစံအတိုင်း မကြိုက်တဲ့သူကတော့…