ပေါရိသာဒကျင့်စဉ် (ဇတ်သိမ်း)
“ကို . . . ကိုဒေါန” မပန်းမွှေးကိုမြင်တော့ ကိုဒေါနကားပေါ်မှခုန်ဆင်းလိုက်သည်။ နိုင်ငံခြားဖြစ်အဝတ်အထည်များကို ဝတ်ဆင်ထားသည့် ကိုဒေါနမှာ မမှတ်မိနိုင်လောက်အောင်ပင် သားနားနေလေသည်။ “ပန်းမွှေး . . . “ “အကိုရယ် ကြာလိုက်တာ ပန်းမွှေးနေ့တိုင်း အကို့ကို ရွာထိပ်ကနေသွားမျှော်နေတာ” မပန်းမွှေးက ထိုသို့ပြောလိုက်သည့်အခါ ဒေါနက မပန်းမွှေးကို ဆွဲဖက်လိုက်သည်။ ထိုစဉ် အနားမှ ရွာသူရွာသားများက ဝိုင်းအုံကြည့်နေကြသည်။ ကိုဒေါနက သူ့လက်ထဲတွင် ကျန်သည့် ပိုက်ဆံများအားလုံးကို မိုးပေါ်သို့ မြှောက်ပြီးကျဲတင်လိုက်ရာ ရွာသူရွာသားများအားလုံး တစ်ခဲနက် အော်ဟစ်ပြီး အလုအယက် ကောက်ကြလေတော့သည်။ တစ်ခါတည်း မပန်းမွှေးကို ဂျစ်ကားပေါ်တင်ကာ မပန်းမွှေးအိမ်သို့ မောင်းလာတော့သည်။ ထို့နောက် အိမ်ပေါ်သို့ တက်လိုက်တော့သည်။ မပန်းမွှေးအဖေက အိမ်ဦးခန်းတွင် ထိုင်နေရင်း ဒေါနကို အလွန်ထူးဆန်းစွာကြည့်နေလေသည်။…