ဘုရားငါးဖမ်းကြသူများ (ဖြစ်ရပ်မှန်)
(က) “မိန်းမရေ . . . မိန်းမရေ” ခပ်အုပ်အုပ်ခေါ်နှိုးသံကြောင့် မချောလန့်နိုးလာလေသည်။ သူ့ယောက်ျားက ကိုစောက အိမ်ရှေ့မှ နှိုးနေခြင်းဖြစ်သည်။ ကမန်းကတမ်းထလိုက်ပြီး နာရီကိုကြည့်လိုက်တော့ မနက်ခြောက်နာရီတောင်ထိုးတော့မည်ဖြစ်သည်။ မချောက အိမ်တံခါးကိုအမြန်ပြေးဖွင့်ပေးလိုက်သည်။ “မင်းကလဲကွာ ကြာလိုက်တာ” ကိုစောက ပြောပြီးနောက် အိမ်ထဲသို့ဝင်လာသည်။ လက်ထဲတွင်ဆာလာအိတ်တစ်လုံးကိုကိုင်ထားလေသည်။ “ဘာတွေတုန်းတော့ ငါးတွေလား” “အေး တိုးတိုးနေကွ၊ ဒီမှာကြည့်စမ်း” ဆာလာအိတ်ကို ဖွင့်ပြလိုက်သည့်အခါ အတွင်းတွင် အလွန်ကြီးမားသော ငါးခူကြီးများကိုတွေ့လိုက်ရသည်။ “ဟယ် . . ငါးခူကြီးတွေကကြီးလိုက် ထွားလိုက်တာတော်၊ တစ်ကောင်တစ်ကောင်ကို ၂ပိဿလောက်ရှိမယ်ထင်တယ်” ငါးခူကြီးတွေက ခေါင်းကိုထုရိုက်ထားသော်လည်း တွန့်လိမ်နေကြသေးသည်။ “တိုးတိုးပြောမိန်းမရ ငါငါးဖမ်းတဲ့နေရာတစ်ခုကို တွေ့လာတာ လူတွေကြားလို့ အကုန်သွားဖမ်းနေမှ ငါးမရဘဲဖြစ်နေဦးမယ်” “ဟုတ်လား၊ ဘယ်နားမှာလဲ” “ဟို . . ….