နတ်မိစ္ဆာဖမ်းဆရာခမ်းနှင့် စည်သူ၏အမိုက်ဇာတ်သိမ်း
အပိုင်း (၃) (၆) ထိုလူကြီးက သူတို့ထံသို့ မလာတော့ပေ။ သို့သော် အစားအသောက်များကိုတော့ အလျှံပယ်ကျွေးမွေးလေသည်။ စည်သူမှာ လေးငါးရက်အတွင်း စိုစိုပြေပြေဖြစ်လာခဲ့သည်။ နွားကြီးနှင့် ကြက်ဖက အမြဲတမ်းစကားများနေတတ်သည်။ “ဟေ့ကောင်နွားကြီး ငါတို့သခင်က ဘယ်သူလဲဆိုတာမင်းသိရဲ့လား” “ငါ့အထင်တော့ သူဌေးကြီးတစ်ယောက်ပဲဖြစ်ရမယ်” ကြက်ဖက နွားကြီးအနားတွင် ကပ်လိုက်ပြီးနောက် ဘေးဘီသို့ကြည့်လျှက် “ဟိုတစ်လောက ထောင်မှူးက စကားမှားသွားတယ်ကွ၊ တို့သခင်ကြီးကို အရှင့်သားလို့ လွှတ်ခနဲခေါ်လိုက်တယ်၊ အဲဒါနဲ့ တို့သခင်ကြီးက ဒေါသထွက်ပြီးတော့ ထောင်မှူးကိုကြည့်ပြီး နောက်တစ်ခါထပ်မှားရင် ခေါင်းဖြတ်ခံရမယ်လို့ ကျိန်းမောင်းလိုက်တယ်ကွ” နွားကြီးက စဉ်းစားလိုက်ပြီး “အရှင့်သားဆိုတော့ ထောင်မှူးရဲ့ သခင်ရဲ့ သားတစ်ယောက်များလား” ကြက်ဖက မျက်နှာကိုရှုံ့မဲ့လိုက်ပြီး နွားကြီး၏ ခေါင်းကိုလက်ဖြင့်ခေါက်လိုက်သည်။ “မင်းကွာ၊ နွားဆိုတဲ့အတိုင်း ဒုံးဝေးပါ့ကွာ၊ အရှင့်သားဆိုတာ ဘုရင့်သားကိုခေါ်တာ၊ မင်းသားကိုခေါ်တာကွ” ဒီတော့မှ နွားကြီးလည်းခေါင်းညိတ်လိုက်လေသည်။…
Read More “နတ်မိစ္ဆာဖမ်းဆရာခမ်းနှင့် စည်သူ၏အမိုက်ဇာတ်သိမ်း” »