တံတားအိုကလေးတစ်ခုမှာ (ဖြစ်ရပ်မှန်)
(က) ဒုရဲအုပ်ကျော်စွာအဖို့ သည်နေ့တော့ ပျော်ရွှင်သည့်နေ့တစ်နေ့ဟုဆိုရမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူတာဝန်ကျရာနေရာသို့ အိမ်သူဇနီးမယားက အလည်အပတ်အဖြစ်လာရောက်သောကြောင့်ဖြစ်သည်။ ဒုရဲအုပ်ကျော်စွာမှာ ရခိုင်ပြည်နယ်တောင်ပိုင်းတစ်နေရာရာရှိ ရွာကလေးတစ်ရွာတွင် တာဝန်ကျနေခြင်းဖြစ်သည်။ ထိုအနီးအနား ရွာနှစ်ရွာအတွက် ရဲစခန်းတစ်ခုအဖြစ်တည်ဆောက်ထားပြီး ထိုနယ်မြေတစ်ကြောတွင် လုံခြုံရေး တာဝန်ယူပေးနေရခြင်းဖြစ်သည်။ ကိုကျော်စွာမှာ အညာသားဖြစ်သော်လည်း ရာထူးတိုးဖြင့် ရခိုင်ပြည်နယ်သို့ တာဝန်ကျလာခြင်းဖြစ်ပြီး ဇနီးဖြစ်သူမှာ အစိုးရဝန်ထမ်းတစ်ဦးဖြစ်သည်။ ယခုတော့ ဇနီးဖြစ်သူက ခွင့်ရက်ယူပြီး ကိုကျော်စွာတို့ထံ အလည်လိုက်လာခြင်းဖြစ်သည်။ ရဲလိုင်းခန်းတန်းလျားလေးတွင် ယနေ့တော့ ဟင်းနံ့မွှေးနေလေသည်။ ကိုကျော်စွာဇနီး မပြုံးက ဗမာကြက်များဝယ်ယူလာပြီးနောက် ကြက်သားကာလသားဟင်းကို စပါယ်ရှယ်ချက်ပြုတ်နေပြီး ကိုကျော်စွာနှင့်စခန်းမှလူများအတွက်ချက်ပြုတ်နေခြင်းဖြစ်သည်။ ထို့နောက်ညစာကို ကိုကျော်စွာတို့လိုင်းခန်းကလေးတွင်ပဲ အားလုံးအတူတူစားသောက်လိုက်ကြသည်။ စားသောက်ပြီးစီးသောအခါ မပြုံးယူလာသည့် လက်ဖက်နှင့်အကြော်စုံများကို တည်ခင်းဧည့်ခံပြီး စကားစမြည်ပြောကြလေသည်။ စခန်းအတွင်းမှာ ရဲတပ်သားများနှင့်လဲ မိတ်ဆက်ပေးနေရသည်။ အချိန်က ည ၈နာရီကျော်ပြီဖြစ်သည်။ တာဝန်ကျရဲသားမှအပ ကျန်ရဲသားများမှာ…