ဘီလူးနက္ခတ်
၁၉၈၀ ဝန်းကျင်ခန့်က ဖြစ်သည်။ တောင်ပေါ်ဒေသ၏ အေးချမ်းသော ရာသီဥတုအရှိန်က အရိုးကွဲမတတ် အေးလှသည်။ – မီးလင်းဖိုလေးနဘေးတွင် မွေးကင်းစကလေးငယ်ကို ရင်ခွင်ပိုက်ပြီး မီးနေသည် ဇနီး၏ အရှေ့၌ ဒူးထောက်ငိုကြွေးနေသော ယောက်ျားတစ်ယောက်။ – ဝမ်းထဲက ကျွတ်ကျွတ်ခြင်းပင် နို့ဆာ၍ ငိုနေသော ကလေးငယ်ကို ပိုက်ထားသော လင်ယောက်ျားဖြစ်သူ ကိုထွန်းဝေက ငိုကြွေးရင်း ဇနီးဖြစ်သူကို တောင်းပန်တိုးလျှိုးနေသည်။ – x” ခင်မေ ကိုယ်တောင်းပန်ပါတယ် သမီးလေးကို နို့တိုက်ပေးပါကွာ။ သမီးလေးက မင်းရဲ့သမီးလေးပါကွာ “ – လက်သည်မိန်းမကြီးနှင့် အနီးအနားက မိန်းမကြီး၃ယောက်က ကျွန်ုပ်၏ အဖြစ်အပျက်ကိုကြည့်၍ စိတ်မကောင်းဖြစ်ရုံလွဲ၍ ဘာမှဝင်မပြောနိုင်ချေ။ – x” မွေးကတည်းက သွားလေးချောင်းပါလာတဲ့ ကလေးကို ကျွန်မဘယ်လိုနို့တိုက်ရမလဲ။ ကျွန်မဒီကလေးကို မလိုချင်ဘူး ကိုထွန်းဝေ…