ကျွဲကျောင်းသွားတဲ့ မောင်ဖိုးသား (စဆုံး)
(ဖြစ်ရပ်မှန်) (၁) “သား၊ ကျွဲတွေကို သေသေချာချာဂရုစိုက်နော်” ဖိုးသားက ထမင်းစားနေရင်း အမေဖြစ်သူက ပြောလိုက်သည့်အတွက် ခေါင်းညိတ်လျှက် ပြန်ဖြေလိုက်သည်။ ဖိုးသားအမေက နနွင်းမှုန့်များများဖြင့် ချက်ထားသည့် လယ်ငါးဇင်ရိုင်း နှစ်ကောင်ကို ဖိုးသားပန်းကန်ထဲသို့ ထည့်ပေးလိုက်ကာ သူကတော့ ကျန်နေသည့် ဟင်းအနှစ်များကို ပန်းကန်ထဲသို့လောင်းထည့်လိုက်ပြီး ငါးပိရည်ကျဲကိုထမင်းပေါ်သို့ဆမ်းလိုက်လေသည်။ အမေဖြစ်သူ ငါးပိရည်နှင့် စားတော့မည်ကိုသိလိုက်သဖြင့် ဖိုးသားတစ်ယောက် စိတ်မကောင်းဖြစ်သွားသည်။ အမေဖြစ်သူက ထမင်းကိုဟင်းအနှစ်၊ ငါးပိရည်နှင့် နယ်ဖတ်ပြီးသည့်အခါ သူ့ပန်းကန်အတွင်းမှ ငါးဇင်ရိုင်းတစ်ကောင်အား လက်ဖြင့်ယူလိုက်ကာ အမေ့ပန်းကန်ထဲကို လှမ်းထည့်ပေးလိုက်သည်။ “စားပါသားရယ်” “အို၊ အမေကလည်း စားစမ်းပါဗျ၊ နှစ်ကောင်ရှိတာ အမေတစ်ကောင်၊ သားတစ်ကောင်ပေါ့ဗျာ” အမေဖြစ်သူ မိအေးက သားဖြစ်သူကိုကြည့်ရင်း ပီတိတွေဖြစ်နေမိသည်။ အရွယ်နှင့်မလိုက်အောင် မိဘကိုသိတတ်လွန်းသော သားဖြစ်သူကိုကြည့်ကာ ပြုံးနေမိသည်။ သို့သော်လည်း မကြာခင်မှာပင် ရင်ထဲပူဆွေးလာပြီးနောက်…