နတ်မိစ္ဆာဖမ်းဆရာခမ်း နှင့် ခေါင်းနှစ်လုံးနှင့်ကျား
အတွဲ(၂) အပိုင်း(၁) အပိုင်း (၁) အနက်ရောင်ခံတပ်ကြီးရှိ အလယ်မြေကွက်လပ်ကြီးတွင် ရဲမက်ဗိုလ်ပါများအများအပြား စုဝေးနေကြလေသည်။ အတွင်းဝန်မင်းကြီး မင်းလှကျော်ခေါင်က မြင်းရထားတစ်စီးကိုစီးလျှက် ခံတပ်အတွင်းသို့ဝင်လာခဲ့သည်။ မနက်ခင်းနေရောင်ခြည်အောက်တွင် ရဲမက်များက အင်အားအပြည့်နှင့် စီတန်းလျက်ရှိနေကြသည်။ ခံတပ်အတွင်းသို့ရောက်သော် အတွင်းဝန်မင်းကြီးက မြင်းပေါ်မှဆင်းလိုက်ပြီး ရဲမက်များကိုတစ်ချက်ဝေ့ကြည့်လိုက်သည်။ ထို့နောက် ခေါင်းတဆတ်ဆတ်ညိတ်ကာ ခံတပ်အတွင်းသို့ဝင်သွားလေသည်။ “မိစ္ဆာဖမ်း တပ်စုမှူး ပျံချီ၊ အခစားရောက်ကြောင်းပါ ဝန်မင်းကြီး” အတွင်းဝန်မင်းကြီး ရုံးစိုက်သည့်အခန်းအတွင်းသို့ ရွှေရောင်ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားသည့် ပျံချီက ဝင်ရောက်လာခဲ့သည်။ အတွင်းဝန်မင်းကြီးက သားနားနေသည့် ပျံချီကိုကြည့်လိုက်ပြီး “အလိုလေး၊ ကိုယ်ရောင်ကိုယ်ဝါတွေတောက်ပနေပါလားပျံချီရဲ့” အတွင်းဝန်မင်းက တမင်ရွဲ့ပြောလိုက်သော်လည်း ပျံချီကတော့ သူ့ဝတ်စုံကိုသူပြန်ငုံ့ကြည့်ရင်း ကျေနပ်နေမိသည်။ “အတွင်းဝန်မင်းကြီး ကျွန်တော်မျိုးကိုခေါ်တယ်ဆို” “အေးကွယ်၊ ငါမင်းကိုခေါ်တာ အရေးကြီးတယ်ကွဲ့၊ လွန်ခဲ့တဲ့ရက်တွေက မြင်းတပ်ကို လင်းနို့ဆိုးက ဖျက်သွားတယ်မဟုတ်လား၊ အဲဒီသတင်းကို ငါတို့လှို့ဝှက်ထားပေမယ့်…
Read More “နတ်မိစ္ဆာဖမ်းဆရာခမ်း နှင့် ခေါင်းနှစ်လုံးနှင့်ကျား” »