အရဟံဓါးသခင်နှင့် ရဲမက်တော်မောင်ဗလ
အတွဲ(၃) အခန်း (၆) (၁) မယ်ဖော့တစ်ယောက် သားဖြစ်သူအား ကျွေးမွေးရန်ပြင်ဆင်ထားသည့် ဟင်းလျာပွဲများကိုကြည့်ရင်း သက်ပြင်းတစ်ချက်ချမိလိုက်သည်။ “ဟင်း၊ သားကသာ ညစာစားမရဘူးလို့ပြောတာ၊ တို့ရသေ့ကြီးနဲ့တော့ကွာပ” မယ်ဖော့ ထို့နောက်စကောတစ်ချပ်တွင် ဖက်ရွက်ခင်းလိုက်ပြီး သူချက်ပြုတ်ထားသည့် ဟင်းလျာများကို စကောအတွင်းသို့ထည့်လိုက်ကာ အိမ်မှထွက်လာခဲ့သည်။ ရွာ၏မြောက်ဘက်တွင် ရသေ့ကြီးနေထိုင်ရန်အတွက် နန်းဆောင်ကဲ့သို့ ခမ်းနားလှသည့် ဝတ်ကျောင်းကြီးတစ်ခုကို ကျောက်ဖြူတုံးများဖြင့် တည်ဆောက်ပေးထားသည်။ ထိုဝတ်ကျောင်းတစ်ဝိုက်တွင်လည်း အနက်ရောင်ခြုံထည်ကြီးများ ခြုံထားကြကာ ကျွဲခေါင်းရိုး၊ နွားခေါင်းရိုးများကို ခေါင်းပေါ်တွင်ဝတ်ဆင်ထားကြသည့် ရသေ့ကြီး၏ တပည့်များက စောင့်ကြပ်နေကြလေသည်။ ရွာသားများက မိမိတို့အိမ်မှ စားသောက်ဖွယ်ရာများကို လင်ပန်းများ၊ စကောများ၊ ဖက်များနှင့်ထုပ်ပိုးလာကြပြီး ဝတ်ကျောင်းတော်ဆီသို့ ချီတက်လာကြသည်။ ရသေ့ကြီး၏ တပည့်များကို အဆင့်ဆင့်ဖြတ်ကျော်ပြီးသည့်အခါ အဖြူရောင်ကျောက်သား၊ ကျောက်တိုင်များဖြင့် အလှဆင်ထားသည့် ဝတ်ကျောင်းတော်ကြီးအတွင်းသို့ ရောက်လာခဲ့ကြသည်။ ဝတ်ကျောင်းတော်ကြီးအတွင်းတွင် ကြီးမားသည့် ကျောက်ခုံကြီးတစ်ခုရှိပြီး…