စုန်းထီးကြီး ဦးဘသာနှင့် ရုက္ခစိုးမှော်
အတွဲ(၃) စာစဉ် (၁၇) (၁) စပါးတွေအတော်ရင့်ပြီး သီးတော့မယ့်အချိန်ပေါ့ဗျာ၊ ဒီလိုအချိန်ဆိုရင်တော့ စပါးခင်းထဲမှာ ပေါင်းတွေအတော်ပွထတဲ့အချိန်ပေါ့ဗျာ၊ စပါးမသီးခင် ပေါင်းလိုက်၊ တမန်းထိုးထားတော့မှ စပါးတွေသီးအား၊ ဖွံ့အားကောင်းတာမဟုတ်လား၊ လယ်တောထဲမှာပေါက်တဲ့ပေါင်းပင်တွေဆိုတာက ကျုပ်တို့အတွက်တော့ စားစရာအပင်တွေပေါ့ဗျာ၊ စားလို့မရတဲ့အပင်ဆိုရင်လည်း နွားစာကျွေးဖို့ ယူလာခဲ့တာပေါ့၊ လယ်ခင်းထဲမှာ ထမင်းစားရတာကို ကျုပ်တို့ကတော့ပျော်တယ်၊ လယ်ထဲထမင်းစားတဲ့အခါ အတို့အမြှုပ်ကတော့ လောလောလတ်လတ်ခူးထားတဲ့အရွက်တွေကို တို့ကျ၊ စားကြတာပေါ့ဗျာ၊ ဦးဘသာရဲ့လယ်ကွက်ထိပ်နားမှာ ညောင်ပင်လေးတစ်ပင်ပေါက်နေတယ်ဗျ၊ ညောင်ပင်ဆိုတာကလည်း အဖြစ်မြန်တယ်မဟုတ်လား၊ မိုးဦးကျတုန်းက သတိမထားပေမယ့် အခုမိုးနှောင်းရောက်ခါနီးတော့ ညောင်ပင်လေးက လူတစ်ရပ်လောက်ရှိနေပြီဗျ၊ အရွက်အညွှန့်တွေလဲ နုဖတ်နေတာပဲဗျာ၊ တစ်ရက်တော့ ကျုပ်လည်း အဲဒီညောင်ပင်လေးကိုသွားကြည့်မိတယ်။ “ညောင်ပင်က ညောင်ချဉ်ပဲ အငယ်မရဲ့” “ဟုတ်ပါရဲ့၊ အဖူးလေးတွေဆို နုနေတာပဲ၊ နေ့လည်ထမင်းစားရင်တော့ ညောင်ချဉ်လေးတို့စားမှထင်တယ်” ညောင်ချဉ်ရဲ့အရွက်က တခြားညောင်ရွက်တွေနဲ့မတူဘူးဗျ၊ သူက ခပ်ဝန်းဝန်းရှိတယ်၊ အရွက်ထွက်ပြီး…