နတ်မိစ္ဆာဖမ်းဆရာခမ်းနှင့် ရွှေရောင်အိပ်ခန်း
အတွဲ(၃) အပိုင်း (၁၀) (၁) “အာ . . အာလစ်ခန်း” ငခမ်းအရှေ့ရှိ ကျယ်ပြောလှသည့် ကွင်းပြင်ကြီးတွင် တစ်ကိုယ်လုံးအနက်ရောင်အကြေးခွံကဲ့သို့ ချပ်ဝတ်တန်ဆာများဖြင့် ဖုံးအုပ်ထားသည့် အာလစ်ခန်းက ပေါ်လာခဲ့လေသည်။ “ခင်ဗျား၊ ခင်ဗျား ဘယ်လိုလုပ်ပြီးတော့ ပေါ်လာရတာလဲ” “မင်းဒီကိုရောက်လာခဲ့တာ၊ ကောင်းတာတွေဖြစ်ဖို့ ရောက်လာခဲ့တာပါကွ၊ ဟား၊ ဟား” “မဖြစ်နိုင်ဘူး . . . မဖြစ်နိုင်ဘူး” ငခမ်းက အော်ဟစ်လိုက်ကာ မျက်လုံးများကိုဖွင့်ကြည့်လိုက်သည်။ သူအခန်းတစ်ခုအတွင်းသို့ ရောက်နေခြင်းဖြစ်သည်။ သူလဲလျောင်းနေသည့် ကျောက်ဖျာကြီးအပေါ်မှ ဆင်းသက်လိုက်သော်လည်း သူ့ခေါင်းတွေက ချာချာလည်အောင်မူးယစ်နေလေသည်။ “ငါ . . ငါဘယ်ရောက်နေတာလဲ” “ရှင်ရောက်နေတာ မိုးဗြဲဆမန်းအိမ်တော်ပဲ” ထိုအခါ အခန်းအတွင်းသို့ မိန်းကလေးတစ်ဦးက ဝင်လာလေသည်။ ထိုမိန်းကလေး၏ အသားအရည်များမှာ ရွှေရောင်အဆင်းဖြင့်ဝင်းဝင်းတောက်ပနေလေသည်။ ယုတ်စွအဆုံး ဆံနွယ်များပင်လျှင်…