ကျွန်မကိုချစ်သော ထိုနှစ်ဦး (စဆုံး)
(ဖြစ်ရပ်မှန်) (၁) ကျွန်မနာမည်က ခိုင်ရွှေဝါပါ၊ လူအများကတော့ မရွှေဝါလို့ ခေါ်တတ်ကြတယ်၊ ဒီအဖြစ်အပျက်က ကျွန်မဘဝမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကလေးတစ်ခုပါ၊ ၂၀၁၁ ခုနှစ်တုန်းက ကျွန်မအိမ်ထောင်ကျရာ အမျိုးသားနောက်လိုက်ခဲ့ရင်း ကချင်ပြည်နယ်မှာရှိတဲ့ မဟာဗျူဟာလမ်းမကြီးဖော်ဆောင်တဲ့ လုပ်ငန်းတစ်ခုကိုလိုက်ပါခဲ့ရပါတယ်၊ အဲဒီအချိန်က ကျွန်မအိမ်ထောင်ကျခါစပဲရှိပါသေးတယ်၊ အဲဒီနေရာက တောင်တန်းကြီးတွေအထပ်ထပ်ရှိနေတဲ့နေရာပါ။ စစ်တပ်တွေနဲ့တပ်စခန်းတွေကို တောင်ပေါ်မှာအခြေစိုက်ပြီးတည်ထားကြပါတယ်၊ ပြီးတော့ တခြား ဆောက်လုပ်ရေးဌာန၊ ဆက်သွယ်ရေးဌာန၊ ရဲစခန်းနဲ့ အခြားအစိုးရုံးအဖွဲ့အစည်းတွေလည်း တော်တော်များများအခြေစိုက်ကြပါတယ်၊ မဟာဗျူဟာလမ်းမကြီးကို ဖောက်လုပ်ရင်း တခြားအဆောက်အအုံတွေဖြစ်တဲ့ ဆက်သွယ်ရေးစခန်း၊ တာဝါတိုင်တွေ၊ အစိုးရရုံးတွေ တည်ဆောက်နေတဲ့ကာလပေါ့ရှင်။ ကျွန်မယောက်ျားက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဝန်ထမ်းဖြစ်လေတော့ ကျွန်မတို့လည်း ဆက်သွယ်ရေးဝန်ထမ်းတွေအတွက် ယာယီဆောက်ပေးထားတဲ့ လိုင်းခန်း တန်းလျားတွေမှာနေထိုင်ရပါတယ်၊ ရှေ့တန်းစခန်းဆိုတော့ တန်းလျားကိုသစ်သားလေးတွေနဲ့ ဖြစ်သလိုဆောက်ထားကြတာပါ၊ အခန်းလေးတွေကလည်း ကျဉ်းကျဉ်းကလေးတွေပါ၊ ဒါပေမယ့် ကျွန်မယောက်ျားနဲ့ ကျွန်မနဲ့ အတူနေရတဲ့အချိန်က…