စုန်းထီးကြီးဦးဘသာ နှင့် ရွာဦးကျောင်းက အုန်းမောင်းသံ
အတွဲ(၅) စာစဉ်(၁) ပန်ကြားချက်။ ယခုဖော်ပြပါ ဦးဘသာအတွဲ(၅)တွင် ဦးဘသာ၏ ရှုထောင့်မှတင်ဆက်ပေးသွားမည်ဖြစ်ပါသည်။ (၁) ရှည်ရှည်ဝေးဝေးပြောမနေတော့ပါဘူးဗျာ၊ ကျုပ်နာမည်သာဒင်ပါ၊ လူတွေကတော့ ဘသာလို့ပဲခေါ်ကြတယ်၊ အသက်ကြီးပြီဆိုတော့ ဦးတပ်ပြီးတော့ ဦးဘသာပဲခေါ်ကြတယ်ဆိုပါတော့ဗျာ၊ အခုတလော ကျုပ်နေလို့ထိုင်လို့သိပ်မကောင်းဘူးဗျာ၊ နေလို့မကောင်းတာကလည်း ဘာရောဂါကြောင့်ရယ်လို့တော့မဟုတ်ပါဘူးဗျာ၊ အဓိကကတော့ စိတ်ကြောင့်ပါ၊ စိတ်ကြောင့်လို့ပြောရအောင်လည်း ကျုပ်ကစိတ်ရောဂါဖြစ်နေတာမဟုတ်ဘူးရယ်ဗျ။ ကျုပ်အိမ်ကိုဝင်ထွက်သွားလာနေတဲ့ ကျုပ်တူသားတစ်ယောက်လိုခင်မင်ရတဲ့ ခင်မောင်ဆိုတဲ့ကောင်လေးကြောင့်ပေါ့ဗျာ။ သင်္ကြန်ကျအပြီး သူ့ချစ်သူသေဆုံးသွားကတည်းက ရွာမှာမနေချင်တော့ဘူးဆိုပြီးထွက်သွားတဲ့ဒီကောင်လေးက အခုဆိုတစ်လနီးပါးတောင်ရှိတော့မယ် စာမလာသတင်းမကြားနဲ့ဗျ။ အတူရှိချိန်တုန်းကတော့ ဒီကောင်လေးဟာ ငမွှေလေး၊ ငရှုပ်လေးဆိုပြီး စိတ်ပျက်မိတာတော့အမှန်ပါပဲဗျာ၊ ဒါပေမယ့် သူမရှိတော့လည်း ကျုပ်ဘဝကြီးက ပျင်းခြောက်ခြောက်ကြီးဗျ၊ တစ်နေကုန်မနက်အိပ်ရာထ နွားထွက်ကျောင်း၊ ရွာကိုပြန်ဝင် ဒါနဲ့ပဲနှစ်ပါးသွားနေရတော့တာဗျ။ ဒီနေ့လည်း ကျုပ်နွားတွေကိုဆွဲပြီး ရွာပြင်ကိုထွက်လာခဲ့တယ်၊ မိုးဦးကျလို့ မိုးလေးတစ်ဖြောက်နှစ်ဖြောက်လောက်ရွာလိုက်တာနဲ့ ရွာအပြင်က ကွင်းကျယ်ကြီးတွေထဲမှာ မြက်စို့တွေက နုတက်နေတဲ့အချိန်ပေါ့ဗျာ၊ နွားတွေကလည်း ဒီမြက်နုကိုသိပ်ကြိုက်တာမဟုတ်လား၊…
Read More “စုန်းထီးကြီးဦးဘသာ နှင့် ရွာဦးကျောင်းက အုန်းမောင်းသံ” »