သူငယ်ချင်းတို့ရွာ (ဖြစ်ရပ်မှန်)
“သို့၊ ဆွေ။ ဆွေနဲ့ ဆွေ့မိသားစုတွေအားလုံး နေကောင်းပါစေလို့ လှအမြဲဆုတောင်းပေးနေပါတယ်။ လှအရင်က ပြောခဲ့ဖူးသလိုပဲ ဒီတစ်နှစ်တော့ ဆွေတို့ရွာကို လာလည်မယ်လို့ စိတ်ကူးထားပါတယ်။ ဆွေတစ်ခါက ပြောဖူးတယ်မဟုတ်လား။ ဆွေတို့ရွာက ကဆုန်လပြည့်နေ့ဆိုရင် ဘုရားပွဲနဲ့ အလှူရှိတယ်ဆိုပြီးတော့လေ။ ဒါကြောင့် လှနဲ့ လှအမနဲ့ ဆွေတို့ဆီကို ကဆုန်လပြည့်မတိုင်ခင် အဖိတ်နေ့လောက် လာဖို့ဆုံးဖြတ်ထားပါတယ်။ ဪ၊ ဒါနဲ့ စကားမစပ်။ ဆွေတို့ရွာကို လှတစ်ခါမှ မရောက်ဖူးသေးလို့ ရွာကိုလာဖို့ လမ်းညွှန်ပေးပါဦးဆွေ။ ဆွေ့ဖို့လဲ လက်ဆောင်တွေ အများကြီးသယ်လာခဲ့မယ်နော်။ ဆွေ့ရဲ့အချစ်ဆုံးသူငယ်ချင်း လှလှ” (၁) ဆွေနှင့်လှလှက ကျောင်းနေဖက်သူငယ်ချင်းတွေဖြစ်သည်။ ပညာရေးကောလိပ်တွင် အတူတက်ရောက်နေရင်း ညီအစ်မအရင်းသဖွယ် ခင်မင်သွားကြလေသည်။ မနှစ်က နွေကျောင်းပိတ်ရက်တွင် ဆွေက လှလှတို့ရွာသို့ လာပြီး တစ်ပတ်ခန့်လည်ပတ်သွားလေသည်။ ဆွေ့ရွာကိုလဲ လိုက်လည်ဖို့ခေါ်သဖြင့် သည်နှစ်နွေကျောင်းပိတ်ရက်တွင်တော့ ဆွေတို့ရွာကို…