နတ်မိစ္ဆာဖမ်းဆရာခမ်းနှင့် စည်သူ၏အမိုက်ဇာတ်သိမ်း
အပိုင်း (၅) ဇာတ်သိမ်းပိုင်း လရောင်မှိန်ပြပြအောက်တွင် လင်းနို့ကြီးတစ်ကောင်ပျံဆင်းလာလေသည်။ စည်သူတို့ကို ဝန်းရံထားသည့် မြင်းစီးသမားများကို လင်းနို့ကြီးက အရှိန်ဖြင့်ဝင်တိုက်သည်။ မြင်းများကို အတောင်ပံများဖြင့်ရိုတ်ခတ်လိုက်သည့်အခါ မြင်းများမှာလန့်ပြီး ခြေဦးတည့်ရာထွက်ပြေးကာ မြင်းတပ်ပျက်လေတော့သည်။ မြင်းတပ်ခေါင်းဆောင်က စည်သူထံသို့ မြင်းကိုမောင်းနှင်လာပြီး လက်မှလည်း လှံကိုအသင့်ကိုင်ဆောင်လာလေသည်။ ထိုအချိန်တွင်ပင် မြင်းတပ်ခေါင်းဆောင်၏ မြင်းကို လင်းနို့ကြီးက ခြေထောက်နှစ်ဖက်နှင့် ကုပ်ချီပြီး မိုးပေါ်သို့ဆွဲတင်လိုက်ကာ မိုးပေါ်သို့ရောက်မှ ခပ်လှမ်းလှမ်းသို့ပစ်ချလိုက်လေသည်။ ထို့နောက် လင်းနို့ကြီးက မိုးပေါ်မှခုန်ဆင်းကာ စည်သူအရှေ့တွင်ရပ်တန့်လိုက်သည်။ “စည်သူ၊ ကျုပ်ခင်ဗျားကိုရှာနေတာကြာခဲ့ပြီ” လင်းနို့ကြီးက မြေပြင်ပေါ်သို့ရောက်ပြီး မကြာခင်မှာပင် လူတစ်ယောက်အဖြစ်ပြောင်းလဲသွားသည်။ ထိုသူကတော့ ငခမ်းပင်ဖြစ်သည်။ စည်သူက မျက်လုံးပြူးကြီးနှင့် ငခမ်းကိုကြည့်နေလိုက်သည်။ ငခမ်းက ပြေးကာ စည်သူအားပွေ့ဖက်လိုက်သည်။ “ကျုပ်မြို့ကနေထွက်ဖို့ နောက်ကျသွားတော့ မြို့ထဲမှာပဲ တစ်ညနေလိုက်ရတယ်၊ အဲဒီအချိန်မှာ မီးလောင်မှုတစ်ခုဖြစ်တာနဲ့ ကျုပ်လည်းသွားကြည့်တော့ ခင်ဗျားရဲ့အိမ်ဖြစ်နေတယ်၊…
Read More “နတ်မိစ္ဆာဖမ်းဆရာခမ်းနှင့် စည်သူ၏အမိုက်ဇာတ်သိမ်း” »