နတ်မိစ္ဆာဖမ်း ဆရာခမ်းနှင့် ခွေးယောင်ဆောင်သောလူ
(၁) အမရပူရရွှေမြို့တော်ကြီးမှာ ညအချိန်ရောက်သည့်တိုင် စည်ကားနေဆဲဖြစ်သည်။ မြို့တွင်းရပ်ကွက်များတွင် စားပွဲသောက်ပွဲများသာမက အကပွဲများ၊ မြေဝိုင်းဇာတ်ထုပ်များနှင့် စည်ကားနေသည်။ ငခမ်းနှင့်မုန်တိုင်းတို့လည်း ခံတပ်ထဲတွင်ပျင်းလာသဖြင့် ထိုညတော့ထွက်လည်ကြသည်။ မြို့တွင်းတွင် ပွဲဈေးတန်းတစ်ခုရှိသဖြင့် ပွဲဈေးလျောက်ကြသည်။ အနယ်နယ်အရပ်ရပ်မှလာရောက်ကြသူများက သူတို့သယ်ယူလာသည့် ကုန်စည်များကိုရောင်းချဖောက်ကားကြသည်။ လဲလှယ်ကြသည့်နေရာဖြစ်သည်။ ထိုခေတ်က ကုန်စည်လဲလှယ်သည့်စနစ်မှာ တွင်ကျယ်နေသေးသည်။ မြင်းတစ်ကောင်ဆိုလျှင် ဆိတ်ဆယ်ကောင်ရှိသည့် ဆိတ်အုပ်နှင့်လဲလှယ်နိုင်သည်။ စပါးတစ်တင်းလျှင် ငါးပိအိုးကလေးတစ်အိုးနှင့် လဲလှယ်ကြသည်။ ထို့အပြင် လဲလှယ်သူနှစ်ဦးက တစ်ယောက်နှင့်တစ်ယောက်ညှိနှိုင်းပြီး နှစ်ဦးနှစ်ဖက် သဘောတူလျှင် ကုန်စည်များကိုလဲလှယ်တတ်ကြသေးသည်။ တောင်ခြေရွာကလေးတွင် နေထိုင်ခဲ့ဖူးသော မုန်တိုင်းအဖို့တော့ ထိုဈေးမြင်ကွင်းက စည်ကားလွန်းနေလေသည်။ ငခမ်းအနေနှင့်လည်း သူရောက်ပြီးနောက်ပိုင်း ထိုတစ်ကြိမ်သာ ပွဲဈေးတန်းကိုကြုံတွေ့ရခြင်းဖြစ်ရာ အရာအားလုံးက အသစ်အဆန်းဖြစ်နေလေသည်။ တစ်နေရာရောက်သည့်အခါ ရှမ်းကုန်သည်များကိုတွေ့ရသည်။ ရှမ်းကုန်သည်များက သူတို့သယ်ယူလာသည့် ကောက်ပဲသီးနှံများ၊ လယ်ယာသုံးကိရိယာများကို ရောင်းချနေရာ ခေါင်းပေါင်းကြီးပေါင်းထားသည့် ရှမ်းတစ်ယောက်ကိုတွေ့သည့်အခါ ငခမ်းအလွန်အံ့ဩသွားလေသည်။…
Read More “နတ်မိစ္ဆာဖမ်း ဆရာခမ်းနှင့် ခွေးယောင်ဆောင်သောလူ” »