နတ်မိစ္ဆာဖမ်း ဆရာခမ်းနှင့် ဆမန်းစံအိမ်တော်များ
အတွဲ(၃) အပိုင်း (၁) (၁) မိုးထိလုနီးပါး မြင့်မားမတ်စောက်လှသည့် တောင်တန်းကြီးများက မားမားမတ်မတ်တည်ရှိနေကြသည်။ ထိုတောင်ကြီးများအပေါ်တွင်တော့ ငွေရောင်အဆင်းသဏ္ဍာန်ရှိသည့် မြူမှုန်ထုကြီးက ခပ်ပါးပါးဖုံးအုပ်ထားလေသည်။ ထိုတောင်ကြီးများအပေါ်တွင် ထူထပ်စွာပေါက်ရောက်နေသည့် သစ်တောအုပ်ကြီးအတွင်းမှာလည်း တောရိုင်းသားကောင်များက ကျက်စားနေကြသလို၊ ကျေးငှက်သာရကာများကလည်း ပျံဝဲမြူးတူးနေကြလေသည်။ “ဝေါ . . . ဝေါ” ထိုစဉ် ကျယ်လောင်သည့် တော်လဲသံကြီးတစ်ခုထွက်ပေါ်လာပြီး တိတ်ဆိတ်ငြိမ်သက်လှသည့် တောင်တန်းကြီးတစ်ခွင်လုံးကို ဖုံးလွှမ်းသွားလေသည်။ တောအုပ်အတွင်း အေးချမ်းစွာကျက်စားနေကြသည့် တောရိုင်းသားကောင်များမှာလည်း ကြောက်လန့်တကြားပြေးလွှားကုန်ကြသလို၊ ကျေးငှက်များမှာလည်း ကောင်းကင်တစ်ခွင်တွင် အထိတ်တလန့်ဖြင့် ပျံသန်းနေကြလေသည်။ မကြာခင်အချိန်မှာပင် မြေငလျင်ကြီးတစ်ခုက သွက်သွက်ခါအောင်လှုပ်ရှားလေသည်။ မြေငလျင်လှုပ်ရှားသည့်အရှိန်ကြောင့် တောင်ကြီးတစ်တောင်အောက်ဘက်ရှိ ကျောက်သားနံရံကြီးမှာ ဝုန်းခနဲပွင့်ထွက်သွားကာ ကျောက်သားအပိုင်းအစများက ပတ်ဝန်းကျင်တစ်ခွင်လုံးကို ကျဲပက်လိုက်သကဲ့သို့ ပျံဝဲထွက်လာလေသည်။ ထိုကျောက်နံရံကြီးပေါက်ကွဲထွက်သွားပြီးသည့်နောက် ကြီးမားသည့် ဂလိုင်ပေါက်ကြီးတစ်ခု ပေါ်ထွက်လာသည်။ ထိုဂလိုင်ပေါက်ကြီးအတွင်းမှ လူကြီးတစ်ယောက်က…
Read More “နတ်မိစ္ဆာဖမ်း ဆရာခမ်းနှင့် ဆမန်းစံအိမ်တော်များ” »