နတ်မိစ္ဆာဖမ်းဆရာခမ်းနှင့် ပေါ်ပေါ်ကြီးနှင့်မောက်မောက်ကြီး
အပိုင်း (၄) (၇) ပေါ်ပေါ်ကြီးတို့သုံးဦးမှာ မိုင်းပွန်မြို့မှနေ၍ ဟိုပုံးရွာကလေးဆီသို့ ခရီးဆက်ကြသည်။ ဟိုပုံးရွာကလေးအား ဖြတ်ကျော်ပြီးသည့်အခါ အနောက်အရပ်ဆီသို့ခရီးဆက်သည်။ ဟိုပုံး၏ အနောက်အရပ်တွင် ဒုံတောင်တီရွာကလေးရှိသည်။ ဒုံတောင်တီရွာကလေးမှာ သေးငယ်သည့် ပအို့ဝ်ရွာကလေးဖြစ်သည်။ ရွာ၏ တစ်ဘက်တွင်တော့ မြင့်မားမတ်စောက်လှသည့်တောင်ကြီးများရှိသည်။ ဒုံတောင်တီဆိုသည်မှာ ပအို့ဝ်အခေါ်ဖြစ်ပြီး ထိုရွာကလေးကို ရှမ်းများက တွမ်တီးရွာဟုခေါ်ကြသည်။ ဒုံတောင်တီရွာကလေးမှာ အင်္ဂလိပ်များ မြန်မာတစ်နိုင်ငံလုံးကိုသိမ်းပိုက်ပြီးသည့်အခါ တောင်တန်းဒေသပေါ်တွင် မြို့သစ်တည်ဆောက်ကာ အစိုးရရုံးစိုက်လေသည်။ ထိုအခါ မြို့အမည်ကို တောင်ကြီးမြို့ဟု အမည်ပေးခဲ့ကြလေသည်။ ဟိုပုံးမှာ ဒုံတောင်တီဆီသို့ လှည်းဖြင့်လာခဲ့ကြသည်။ လှည်းအနောက်တွင်တော့ စွန်ဖြူလေးကို ချည်နှောင်ကာဆွဲလာခဲ့သည်။ ခရီးတစ်လျှောက် မြင့်မားလှသည့်တောင်ကြီးများမရှိဘဲ လွင်ပြင်များ၊ ချိုင့်ဝှမ်းများကို ဖြတ်ကျော်လာခဲ့ကြသည်။ လမ်းတစ်လျှောက် ရွာခြင်းလည်းဆက်နေသလို ခရီးသွားများလည်း များပြားလေသည်။ “ဟိုးအနောက်က မြင်းဖြူကလေးစီးလာတာကတော့ ငါ့အချစ်ဆုံးသူငယ်ချင်းပေါ့ကွာ၊ သူ့နာမည်က ဖီးဖူးတဲ့” မြင်းကလှည်းအနောက်မှ…
Read More “နတ်မိစ္ဆာဖမ်းဆရာခမ်းနှင့် ပေါ်ပေါ်ကြီးနှင့်မောက်မောက်ကြီး” »