တောင်တန်းပေါ်က ရိုးမတေးသံ
(ဇတ်သိမ်း) စားသောက်နေကြသည့် သူများအားလုံး မျက်လုံးနီကြီးတွေနှင့် ဝိုင်းကြည့်လိုက်ကြသည်။ ထို့နောက် ဒေါသထွက်သွားပြီး တဝူးဝူး တဝါးဝါးဖြင့် အော်မြည်ကာ ကောင်တာဆီသို့ ပြေးလာကြလေသည်။ အရိပ်မဲကြီးတစ်ခုက သီရိကိုဆွဲလိုက်ပြီး လေပေါ်မြှောက်တင်လိုက်သည်။ သီရိက လေပေါ်တွင် မတ်တပ်ကြီးဖြစ်နေသည်။ ထို့နောက် ထိုအရိပ်ကြီးက သီရိကို လေဖြင့်အဝေးမှ စုပ်လေသည်။ သီရိမှာအော်ဟစ်နေပြီးနောက် သီရိခန္ဓာကိုယ်ထဲက အဖြူရောင်အငွေ့များထွက်နေပြီး ထိုအငွေ့များကို အရိပ်ကြီးက စုပ်ယူနေလေသည်။ သူရက ခုန်ပြီးနောက် သီရိရှေ့တွင်ဝင်ကာလိုက်သည်။ သူရလဲ လေပေါ်မြောက်သွားသည်။ ထိုအခါ သူရပါးစပ်ထဲမှ အငွေ့များထွက်လာပြီး အကောင်ကြီးက စုပ်ယူနေပြန်သည်။ “ကိုသူရ မလုပ်နဲ့ ကိုသူရ” သီရိက အော်ဟစ်နေလေသည်။ လေပေါ်တွင် တန်းလန်းကြီးဖြစ်ပြီး မြောနေသဖြင့် ကိုယ်ခန္ဓာတွေက လှုပ်ရှား၍ မရတော့။ သူရက တစ်ကိုယ်လုံးပျော့နေပြီဖြစ်သည်။ “သီရိ မင်း ….