နတ်မိမယ် အပိုင်း(၈)(ဇတ်သိမ်းပိုင်း)
“သွေး . . . သွေးတွေ နွတ် . .” ”ဖက်ရေ သားလေး . . .သားလေး. . .” နွတ်ကပြောဆိုကာ မေ့မြောသွားလေတော့သည်။ ရဲဝင်းလဲ နွတ်ကိုပွေ့ရင်း အိမ်အပြင်ဖက်သို့ပြေးထွက်ပြီး လမ်းပေါ်ပြေးတက်လိုက်သည်။ လမ်းပေါ်တွေ့သည့် တက္ကစီတစ်စီးကို ငှားလိုက်ပြီး မြို့ထဲရှိ အထူးကုဆေးရုံတစ်ရုံသို့ သွားလိုက်သည်။ နွတ်က တိမ်တွေပေါ်မှာလွင့်မြောနေလေသည်။ ဖြူလွလွတိမ်စိုင်တိမ်လိပ်များက နွတ်၏ ဝဲယာနံဘေးတွင် ဖြည်းညင်းစွာ ရွေ့လျားနေကြသည်။ နွတ်က တိမ်စိုင်များကိုငေးကြည့်နေစဉ်မှာပင် ရုတ်တရက် တစ်ဟုန်ထိုး မြေပေါ်သို့ ဇောက်ထိုးစိုက်ကျသွားတော့သည်။ မြေပြင်ရှိ သစ်ပင်များ၊ အိမ်များ၊ အဆောက်အဦးများမှာ နွတ်နှင့်တဖြည်းဖြည်းနီးကပ်လာလေသည်။ အောက်မှလေကလည်းပင့်တိုက်နေသဖြင့် နွတ်တစ်ယောက် အသည်းတအေးအေးနှင့် ပြုတ်ကျလာခဲ့သည်။ အိမ်ခေါင်မိုးတစ်ခုကို ဖောက်ဝင်သွားပြီး ထိုအိမ်အတွင်းရှိ ထိုင်ခုံတစ်လုံးပေါ်တွင် ထိုင်လျှက်သား ကျသွားသည်။…