မဖဲဝါမုန်းတဲ့ရွာ အပိုင်း(၂)
ဇာတ်သိမ်း (၄) ထက်အောင်နှင့် ကောင်းခန့်တို့မှာ ဒရောသောပါးဖြင့်ရွာသို့ပြေးဝင်လာခဲ့ကြသည်။ သုဿန်အတွင်းမှ အသံနက်ကြီးဖြင့်အော်ဟစ်လိုက်သည့် စိုးကြီး၏ အော်သံကိုကြားလိုက်ကြသည်။ နှစ်ယောက်သား မိမိတို့နေထိုင်သည့် အိမ်ကိုပြန်ရောက်သည့်အခါ အမောဖောက်ပြီး ဟောဟဲလိုက်နေသည်။ အလွန်ကြောက်လန့်နေသည့် ထက်အောင်မှာ ဖျားသွားလေတော့သည်။ ထိုည။ “အူ. . .ဝု . . .ဝူး” ရွာထိပ်အိမ်များထံမှ ခွေးများက တောက်လျှောက်ထိုးဟောင်ကြသလို ဆွဲဆွဲငင်ငင်လည်း အူကြလေသည်။ ခွေးအူသံများနှင့်အတူ လူရိပ်ကြီးတစ်ခုက ရွာအတွင်းသို့ဦးတည်ကာ လျှောက်လှမ်းလာလေသည်။ ထိုလူရိပ်ကြီးကိုမြင်သည်နှင့် လမ်းတစ်လျှောက်ရှိခွေးများမှာ ဆွဲဆွဲငင်ငင်အူကြလေသည်။ တစ်ရွာလုံးအိပ်မောကျနေသော်လည်း စိုးကြီး၏ အိမ်တွင်တော့ လူတွေစည်ကားနေသည်။ စိုးကြီး၏ အလောင်းကိုဖက်ပြီး သူ့ညီမဖြစ်သူ၊ တိုးမောင်၏ မိန်းမက အော်ဟစ်ငိုကြွေးနေလေသည်။ “အောင်မယ်လေး အကိုကြီးရဲ့၊ သမီးယောက်ဖတွေ ချစ်လွန်းလို့ သူ့အနောက်ကိုလိုက်သွားတာလား” ရွာသားတွေလည်း စိုးကြီးညီမကိုကြည့်ကာ ဂရုဏာသက်မိသည်။ စိုးကြီးညီမမှာ…