စုန်းထီးကြီး ဦးဘသာနှင့် ထူးဆန်းသည့်ရောဂါ
စာစဉ် (၂၈) (၁) အခါတွင်းရောက်တော့မယ်ဆိုရင်ဖြင့် ကျုပ်တို့အမျိုးတွေအကုန်လုံး ရွာကိုပြန်လာလည်ကြတာ ထုံးစံပဲဗျ၊ အညာသူအညာသားဆိုတာ အမျိုးသိပ်ခင်ကြတဲ့လူတွေမဟုတ်လားဗျာ၊ ဒီတော့ တစ်နယ်တစ်ကျေးမှာ အိမ်ထောင်ကျနေတဲ့သူတွေ၊ အစိုးရဝန်ထမ်း ဖြစ်နေလို့ တခြားနယ်ရောက်နေတဲ့သူတွေ အားလုံးက ရွာကိုပြန်လာကြတာပေါ့ဗျာ၊ အဲဒီအချိန်က ရုံးတွေ၊ ကျောင်းတွေလည်း ပိတ်နေတယ်မဟုတ်လား၊ ဒါ့အပြင် ကျုပ်တို့ရွာမှာ နှစ်ဆန်းတစ်ရက်နေ့ဆို အလှူကြီးကျင်းပတယ်၊ ဇီဝိတဒါန နွားလွှတ်ပွဲတွေ ဘာတွေလည်းရှိတယ်လေဗျာ။ ဒီတော့ တစ်နယ်တစ်ကျေးမှာ မိန်းမရတဲ့သူ၊ ကလေးမွေးထားတဲ့သူတွေကလည်း ဆွေမျိုးတွေနဲ့ အဆက်မပြတ်ရအောင် ဆွေပြမျိုးပြ လာကြတာပေါ့ဗျာ။ အမျိုးတောင့်တဲ့အထဲ ကျုပ်တို့အိမ်လည်းပါသဗျ၊ အမေ့ဘက်က မွေးချင်းက ရှစ်ယောက်ဗျာ၊ အဖေ့ဘက်ကတော့ အဖေတစ်ယောက်တည်းဆိုပေမယ့် အဘိုးရဲ့အမျိုးတွေ အများကြီးကျန်ခဲ့တယ်ဗျ၊ ဒီလိုနဲ့ အမျိုးတွေဆင့်ပွားပြီး တစ်ရွာလုံးအမျိုးတွေလို ဖြစ်ကုန်ကြတာပဲဗျာ။ မြို့ရောက်နေတဲ့အမျိုးတွေပြန်လာပြီဆို အိမ်တိုင်းလိုလို ဧည့်သည်တွေနဲ့ စည်ကားနေတတ်တာပဲဗျာ။ ကျုပ်တို့အိမ်မှာလည်း မြို့ကအဒေါ်တွေ၊…