မီးလျှံကြားက ပန်းတစ်ပွင့်
အပိုင်း (၂) “ဟင် သမီး . . ကဖော” လငေါရှီးအံ့သြချင်လည်း အံ့သြစရာပင်ဖြစ်သည်။ တစ်ရွာလုံးရှိ မည်သူမျှ လငေါရှီးကို စိန်မခေါ်ရဲကြပေ၊ အခုတော့ သမီးအရင်းဖြစ်သူ ကဖောက စိန်ခေါ်နေပြီဖြစ်သည်။ “ဟဲ့ သမီးရဲ့ နင့်အကိုတွေတောင် ငါ့ကိုစိန်မခေါ်ရဲတာ၊ နင်ကငါ့ကိုစိန်ခေါ်တယ်ပေါ့၊ နင် တော်တော်ခေါင်းဆောင်ဖြစ်ချင်နေတယ်ပေါ့ ဟုတ်လား” “လာပါအဖေရာ၊ သမီးအဖေနဲ့တိုက်ခိုက်တိုင်း အဖေက အမြဲတမ်းသမီးကို အလျှော့ပေးနေတယ်လို့ထင်လို့ ဒီတစ်ခါတော့ အဖေအလျှော့ပေးလို့မရတော့ဘူးနော်” “ဟား . . . ဟား” လငေါရှီးက ကျေနပ်စွာဖြင့် ဝမ်းခေါင်းသံကြီးနှင့် တစ်ခါတည်းအော်ဟစ်ပြီးရယ်မောလိုက်သည်။ “ကောင်းပြီသမီး နင်ကြိုက်တဲ့လက်နက်ရွေး” “လက်နက်တွေမလိုပါဘူးအဖေရာ လက်နက်မဲ့ ဒီအတိုင်းတိုက်ကြတာပေါ့” “ကောင်းပြီလေ၊ ဒါဆိုရင်တော့လာထား” လငေါရှီးကပြောလိုက်ပြီးနောက် ကဖောဆီသို့ အလွန်လျှင်မြန်စွာပြေးသွားလိုက်ပြီး ဒူးခေါင်းနှင့်ရင်ဝကို ဆောင့်တိုက်ချလိုက်တော့သည်။ ထိုအခါ ကဖောကလည်း…