နတ်မိမယ် အပိုင်း(၂)
“အား” “ဖက် ဖက်ဘာဖြစ်တာလဲ” နွတ်ကလန့်နိုးသွားပြီး ရဲဝင်း၏ပုခုံးကိုဖက်ကာ မေးလိုက်သည်။ ရဲဝင်းတစ်ကိုယ်လုံး ချွေးတွေနှင့် စိုရွှဲနစ်နေသည်။ “ဘာ . . .ဘာမှမဖြစ်ပါဘူး နွတ်၊ ဖက် အိပ်မက်ဆိုးတွေ မက်နေတာပါ” ရဲဝင်းကပြောလိုက်ပြီး ဘေးဘီးကိုကြည့်လိုက်သည့်အခါ အခန်းတစ်ခုအတွင်းရောက်နေသည်မဟုတ်ဘဲ အိပ်ရာအတွင်းမှာသာဖြစ်နေလေသည်။ အလွန်ဆိုးဝါးသောအိပ်မက်ကို မက်ခဲ့ရသဖြင့် ဆက်မအိပ်ဝံ့တော့ဘဲ အိပ်ရာမှ ထဖို့ကြံစည်လိုက်သည်။ ကုတင်ဘေးရှိစားပွဲတွင်တင်ထားသော သူ၏ ဖုန်းကိုယူပြီးကြည့်လိုက်သည်။ နံနက် ရှစ်နာရီထိုးတော့မည်။ ရဲဝင်းက ဖုန်းကိုကြည့်ရင်း ထိုစားပွဲလေးတွင်တင်ထားသည့် အရုပ်မလေးကို ကြည့်လိုက်သည်။ အရုပ်မလေးက သူ့ကိုစိုက်ကြည့်နေသည်ဟုထင်ရသည်။ “ငါညကမအိပ်ခင် ဒီအရုပ်ကို တဖက်ကိုလှည့်ထားတာပါ၊ ဧကန္တ နွတ်များပြန်လှည့်ထားတာလား” ရဲဝင်းက တွေးလိုက်ကာ အိပ်ရာထဲမှမထဘဲ ဖုန်းဆက်ကြည့်နေလိုက်သည်။ နွတ်ကတော့ အိပ်ရာမှ ထသွားပြီး မီးဖိုချောင်ဝင်နေပြီဖြစ်သည်။ တစ်ညလုံးစိတ်ကြိုက်ငိုထားသည့် နွတ်မှာ မနက်လင်းသည့်အခါ စိတ်အနည်းငယ်တည်ငြိမ်သွားပြီဟု…