မုဆိုးကြီးတောကျော်ပါဝင်သော ဆေးတောင်ကြီးမှ ငါးပြေမဂမုန်း – အပိုင်း (၂)
(၁) တစ်နေ့လုံးမိုးသားတိမ်လိပ်များ ထူထပ်နေသည့်ကောင်းကင်ကြီးမှာ ညနေရောက်ခါနီးအချိန်မှ တိမ်သားအချို့ကင်းရှင်းသွားလေသည်။ တိမ်သားများကင်းရှင်းသွားခါမှ သူရိန်နေမင်းကြီးသည့် နောက်ဆုံးကျန်သည့် လက်ကျန်အလင်းရောင်များကို တောင်ကြောကြီးပေါ်သို့ ဖြန့်ကျက်ခင်းကျင်းလိုက်လေရာ တောင်ကြောကြီးပေါ်တွင် လင်းထိန်သွားတော့သည်။ ဦးဘိုးလူက လမ်းလျှောက်နေရာမှ ရပ်တန့်လိုက်ပြီး တောင်ကြောကြီးပေါ်ကိုကြည့်နေလိုက်သည်။ ကောင်းကင်တစ်ခွင်တွင် တိမ်များထူထပ်နေသော်လည်း တောင်ကြောကြီးပေါ်မှာတော့ ရွှေရည်များလောင်းချထားသည့်နှယ် ဝင်းလက်ကာ ထိန်လင်းနေလေသည်။ “မလှဘူးလားဗျာ” ဦးတောကျော်က ပြောလိုက်ရာ ဦးဘိုးလူက ခေါင်းညိတ်လိုက်သည်။ “ထူးဆန်းလိုက်တာဗျာ၊ ကောင်းကင်က တိမ်တွေအုပ်ဆိုင်းနေပေမယ့် အဲဒီတောင်ကြောကြီးပေါ်ကတော့ လင်းထိန်နေပါသကော” “ဘာမှမထူးဆန်းပါဘူးဗျာ၊ ဒီအချိန်ဆို နေရောင်က စောင်းသွားပြီမဟုတ်လား၊ အောက်ဘက်ပိုင်းက တိမ်ထူတွေကို စောင်းနေတဲ့နေရောင်ခြည်က ဖောက်ထွက်ပြီးတော့ တောင်ကြောပေါ်မှာ ပေါ်လာတာပါဗျာ၊ ကျုပ်တို့အခေါ်တော့ နေဖင်ဖြဲတယ်လို့ခေါ်တယ်” ဦးတောကျော်ပြောလိုက်တော့ ဦးဘိုးလူက ရယ်မောလိုက်ပြီး “နေဖင်ဖြဲတယ်တဲ့လားဗျာ၊ ဟား . . ဟား” “အဲဒါတွေအသာထားလိုက်စမ်းပါဗျာ၊ ညမိုးချုပ်တော့မယ်၊…
Read More “မုဆိုးကြီးတောကျော်ပါဝင်သော ဆေးတောင်ကြီးမှ ငါးပြေမဂမုန်း – အပိုင်း (၂)” »