စုန်းထီးကြီး ဦးဘသာနှင့် ရှပ်လဂွဲ ငွေတိုး
(၁) ရှပ်လဂွဲအကြောင်းကို ဂျင်ကိုင်ဝက်သိုးအကြောင်းပြောတုန်းက ကျုပ်ပြောခဲ့ဖူးပါတယ်၊ ရှပ်လဂွဲဆိုတာကတော့ ဂျင်သမားတွေရဲ့အခေါ်အဝေါ်ဗျ၊ သာမန်လူကတော့ ငွေကိုင်လို့ခေါ်တယ်၊ လူများတဲ့ဂျင်ဝိုင်းအကြီးစားတွေမှာ၊ နောက်ပြီးတော့ ကြေးကြီးတဲ့ ဂျင်ဝိုင်းကြီးတွေမှာ သူတို့လိုအပ်တယ်၊ ဝိုင်းကြီးတွေဆိုတော့ လူတွေများပြီလေ၊ ဒီတော့ ဂျင်ကိုပေါက်တဲ့သူနဲ့ မပေါက်တဲ့သူနဲ့ အများကြီးရှိတော့တာပေါ့၊ ရှပ်လဂွဲဆိုတဲ့ကောင်တွေက စိတ်တွက်တွက်တဲ့နေရာမှာ သိပ်တော်သလို ငွေကိုကိုင်တာလည်း သိပ်ကျွမ်းတဲ့ကောင်တွေ၊ ဂျင်ဆော့တဲ့အခါ ငွေထိုးတယ်၊ ငွေလျော်တယ်ဆိုတာက တသမတ်တည်းမဟုတ်ဘူးလေ၊ အဲဒီအကြောင်းတွေကို အရင်ကပြောပြီးပြီဆိုတော့ ထပ်မပြောတော့ပါဘူးဗျာ၊ ဂျင်ဝိုင်းမှာ ဂျင်ဖွင့်ပြီးပြီဆိုတာနဲ့ ရှပ်လဂွဲက အလုပ်စပြီပေါ့ဗျာ၊ ဘယ်ကောင်ကတော့ ခေါင်းတင်ထားတာ၊ ဘယ်ကောင်က ဖင်ထိုးထားတာ၊ ဘယ်ကောင်က ခွထားတယ်ဆိုတာ သူကသိနေတာပေါ့၊ အဲဒီတော့ စားစရာရှိတာကိုစားရတယ်၊ လျော်စရာရှိတဲ့ငွေကို တွက်ပြီးတော့ အကောက်လို့ခေါ်တဲ့ငွေကို ဖြတ်နှုတ်ပြီး ပြန်လျော်ရတာပေါ့ဗျာ၊ ဂျင်ဝိုင်းတစ်ဝိုင်းမှာ လူအယောက်နှစ်ဆယ်ဆော့တယ်ဆိုရင် လူစုံကိုလိုက်ပြီး လျော်ရစားရတာဆိုတော့ နှေးနေလို့မရဘူးဗျ၊ ဒါ့အပြင်…