စုန်းထီးကြီး ဦးဘသာနှင့် ကျောပြင်ထက်က သွေးလက်ဝါး
အတွဲ(၃) စာစဉ် (၅) (၁) ကျုပ်အမေနေကောင်းပြီး ထူထူထောင်ထောင်ဖြစ်သွားမှပဲ ကျုပ်လည်း လယ်ထဲဆင်းနိုင်တော့တယ်ဗျာ။ အရီးပြုံးကြီးရဲ့ ဆန်ပြုတ်အစွမ်းကြောင့်လားတော့မပြောတတ်ပါဘူး၊ ဦးဘသာကြီးလည်း ပြန်ပြီးထူထူထောင်ထောင်ဖြစ်လာတယ်ဗျ၊ လယ်ထဲမှာ စပါးတွေပျိုးထားတာဆိုတော့ ဦးဘသာကြီးလည်း လယ်ထဲဆင်းရတာပေါ့ဗျာ။ လယ်ထဲမှာ ထမင်းစားသောက်ပြီးတော့ ခါးဆန့်နေတုန်းရှိသေးတယ်၊ ဦးဘသာကြီးက တဲထဲကိုဝင်လာပြီးတော့ ကျုပ်ကိုကြိမ်လုံးနဲ့ တဖြန်းဖြန်းရိုက်ပါရောလားဗျာ၊ သူ့ကြိမ်လုံးကို ကျုပ်က လက်နဲ့ကာတော့ လက်ဖျံတောင်မှ အရှိးရာကြီးဖြစ်သွားတာ၊ ဦးဘသာက ကျုပ်ကိုဒေါသတကြီးနဲ့ကြည့်တယ်ဗျ၊ ကျုပ်လည်း ဦးဘသာနဲ့ပေါင်းလာတာ အတော်ကြာခဲ့ပေမယ့် သူကျုပ်အပေါ် ဒီလောက်ဒေါသတကြီးနဲ့ ဆက်ဆံတာမျိုး မခံရဖူးဘူးဗျ။ “ဦးဘသာ ဘာဖြစ်လို့ ကျုပ်ကိုချည်း လှိမ့်ရိုက်နေရတာလဲဗျ၊ ကျုပ်ကို နွားလို့များ မြင်နေလို့လား” “နွားဆိုလို့ကတော့ မင်းကို ရိုက်ရုံတင်ဘယ်ကမလဲကွာ၊ ချက်ချင်းကို ပေါ်ပစ်လိုက်မှာ” “နေပါအုံး၊ ဦးဘသာက နေရင်းထိုင်ရင်း ကျုပ်ကိုဘာလို့ မျက်မုန်းကျိုးနေတာလဲဗျ” ဦးဘသာက…
Read More “စုန်းထီးကြီး ဦးဘသာနှင့် ကျောပြင်ထက်က သွေးလက်ဝါး” »