ကျွန်မတို့ရဲ့အိမ်
အပိုင်း(၄)(ဇာတ်သိမ်း) “သား . . . သားလေး” မို့မို့လည်း သူ့ကိုယ်သူအပြစ်တင်မဆုံးတော့ပေ။ “ငါတော်တော်တုံးတဲ့ ကောင်မပဲ ဒီလောက်ကြောက်စရာကောင်းတဲ့နေရာမှာ ဘာလို့သားလေးကို တစ်ယောက်တည်း ထားခဲ့မိပါလိမ့်” မို့မို့က ရေရွတ်ရင်း တောင်ကုန်းလေးအပေါ်ကို ပြေးတက်လာခဲ့သည်။ မို့မို့ခြေထောက်များက ဖိနပ်မပါဘဲ ပြေးထားရသဖြင့် နာကျင်နေသော်လည်း သားဇောနှင့်မို့နာကျင်မှုကို လျစ်လျူရှုကာ အမြန်ပြေးတက်နေသည်။ မကြာမီခြံရှေ့သို့ရောက်သည်။ အိမ်ကိုလှမ်းကြည့်တော့ အောက်ထပ်ရှိ လှေကားရင်းအနားမှ မီးလုံးဟောင်းကြီးက မှိန်မှိန်လေးလင်းနေပြီး ဆင်ဝင်အနားထို အလင်းရောင် ဖျော့ဖျော့လေးက ကျနေသည်။ အိမ်ထဲရောက်တော့ မို့မို့က သားဖြစ်သူကို အော်ခေါ်လိုက်လေသည်။ “သားရေ . . . သား၊ ကောင်းကောင်းရေ” အသံကုန်ဟစ်ကာ ခေါ်လိုက်သော်လည်း ဘာအသံမှမကြားရ။ မို့မို့လည်း အိပ်ခန်းထဲပြေးဝင်လိုက်သည်။ အခန်းထဲတွင်လည်း သားကမရှိပေ။ မို့မို့ အလွန်ထိတ်လန့်ကြောက်ရွံသွားသည်။ ခေါင်းတွေကပူထူပြီး…