နတ်မိမယ် အပိုင်း(၆)
“မသိဘူး ဖေဖေ အဲဒီအိတ်ကြီးကိုမြင်ရင်ကြောက်တယ်f၊ အဲဒီအိတ်အနားသွားရင် ပူတယ်” ရဲဝင်းက ဘာကြောင့်မှန်းမသိသဖြင့် စဉ်းစားမိလိုက်သည်။ နေ့လယ်က ဘုန်းဘုန်းပေးခဲ့သည့် ချည်မန်းကွင်းကြိုးကို ပင်ကီက ကြောက်နေခြင်းဖြစ်မည်ဟုသိလိုက်သည်။ ရဲဝင်းက ထိုကြိုးကို ကျောပိုးအိတ်အတွင်းမှထုတ်လိုက်ပြီး ဘီရိုထောင့်တစ်နေရာတွင် ထည့်ကာ သိမ်းဆည်းလိုက်သည်။ သုံးရက်ခန့်အကြာတွင် နွတ်က ပျော်ရွှင်စွာဖြင့် ကခုန်နေပြန်သည်။ ရဲဝင်းလည်း အလန့်တကြားနှင့် နွတ်ထံသို့ပြေးလာခဲ့သည်။ “ဘာလဲ၊ နွတ် အောင်ပြီလား” ရဲဝင်းက အပြေးအလွှားမေးလိုက်လေသည်။ “ဟုတ်တယ်ဖက်၊ ဘတ် ၁သန်းနီးပါးလောက် မြတ်သွားတယ်” “အချီကြီးရသွားတာပေါ့နော်” “အဲဒါ ပင်ကီလေးရဲ့ ကျေးဇူးကြောင့်နေမှာဖက်ရဲ့” နွတ်က ပြောဆိုလိုက်ကာ စားပွဲခုံတွင် တင်ထားသည့် ပင်ကီအရုပ်ကလေးကို ကောက်ယူလိုက်ပြီး ပွေ့ဖက်ကာ ပင်ကီ၏နဖူးကို တရွတ်ရွတ်နှင့် နမ်းနေတော့သည်။ “သမီးလေးသွားချင်တဲ့ ကမ်းခြေကို မေမေလိုက်ပို့ပေးမယ်နော်” ထိုနေ့မှ စတင်ပြီး သူတို့မိသားစု…