စုန်းထီးကြီးဦးဘသာနှင့် တောင်လုံးကြိုင်သည့်ပန်း
စာစဉ် (၃၂) (၁) တန်ခူး၊ ကဆုန်ဆိုရင်တော့ တောင်မကြီးပေါ်က ဖြတ်တိုက်လာတဲ့လေတွေထဲမှာ သင်းသင်းပျံပျံရနံ့လေးတွေပါလာတတ်တယ်ဗျ၊ တောင်မကြီးဆိုလို့ မိန်းကလေးတောင်လို့တော့ မထင်လိုက်နဲ့ဗျ၊ ကြီးတဲ့အရာမို့လို့ မလို့တပ်ခေါ်တာဗျ၊ မ ဆိုတာ မိန်းမ ဆိုတဲ့ အဖိုအမကိုပြောတာတင်မဟုတ်ဘဲ ကြီးမားတာဆိုရင်တော့ မ ထည့်ခေါ်ကြတယ်ဗျ၊ ဓါးထဲမှာတောင်မှ အရွက်ကြီးကြီးနဲ့ ဓါးကို ဓါးမတဲ့၊ ခြေချောင်းမှာတောင်မှ အကြီးဆုံးခြေချောင်းကြီးကို ခြေမ၊ လက်ချောင်းကို လက်မတဲ့လေ၊ မြစ်ချောင်းဆိုရင်လည်း ချောင်းကလေးကို ချောင်းသွယ်၊ ချောင်းကြီးကို ချောင်းမကြီးလို့ခေါ်တတ်တာကလား၊ တောင်ဆိုရင်လည်း တောင်ရိုး၊ တောင်ထွဋ်၊ တောင်အကြီးကြီးကျတော့ တောင်မကြီးလို့ ခေါ်ကြတာပေါ့ဗျာ။ ကျုပ်တို့ရွာကနေတက်သွားရင် တောင်ရိုးကလေးပေါ်ကို နေ့တစ်ပိုင်းမကျိုးခင်တက်နိုင်တယ်ဗျ၊ အဲဒီတောင်ရိုးကနေ ဆက်တက်သွားရင်တော့ တောင်မကြီးပေါ်ကို တက်နိုင်တယ်၊ တစ်ရက်လောက်နီးပါးတက်ရတာပေါ့ဗျာ၊ ကျုပ်တို့ရွာအနောက်တောင်ဘက်တစ်ကြောကိုကြည့်လိုက်မယ်ဆိုရင် မှိုင်းပြပြမှုန်ရီရီနဲ့တောင်မကြီးရဲ့အလှကို မြင်တွေ့နိုင်တယ်ဗျ။ ဒီလိုနွေရောက်ရင် တောင်ပေါ်က အင်ကြင်းပင်တွေ…
Read More “စုန်းထီးကြီးဦးဘသာနှင့် တောင်လုံးကြိုင်သည့်ပန်း” »