စုံထောက်ဦးမောင်နှင့် အင်ပိုင်ယာလူသတ်မှု
အပိုင်း (၃) ဇာတ်သိမ်း “ဂျိန်း” မိုးခြိမ်းသံကိုကြားလိုက်ရသဖြင့် ဦးမောင်က ဆတ်ခနဲကောက်ထလိုက်သည်။ တိုင်ကပ်နာရီကိုလှမ်းကြည့်လိုက်တော့ မနက်ခုနစ်နာရီထိုးတော့မည်ဖြစ်သည်။ သူ့ဘေးနားတွင်တော့ သမီးလေး နီနီက အိပ်ပျော်နေဆဲဖြစ်သည်။ သမီးလေးကို စောင်ခြုံပေးလိုက်ပြီး အိပ်ရာပေါ်မှဆင်းလိုက်သည်။ အပြင်ကိုထွက်လိုက်တော့ မို့မို့က မီးဖိုချောင်တွင် အလုပ်ရှုပ်နေလေသည်။ “အကိုကြီးနိုးပြီလား၊ ဘာစားမလဲ” ဦးမောင်က တစ်ချက်စဉ်းစားလိုက်ပြီး “မိုးအေးအေးနဲ့ဆိုတော့ ငရုတ်ကောင်းများများနဲ့ မုန့်ဟင်းခါးပူပူလေးစားလိုက်ရရင် သိပ်ကောင်းမှာပဲဟေ့” မို့မို့က ပြုံးလိုက်ပြီး ပိုက်ဆံအိတ်ကလေးကိုယူလိုက်ကာ “ဒါဆို ကျွန်မသွားဝယ်ပေးမယ်အကိုကြီး၊ အကိုကြီး ဒီမှာခဏစောင့်နေလိုက်ပေါ့” မို့မို့က ထီးတစ်ချောင်းကိုယူကာ အပြင်သို့ထွက်သွားလေသည်။ ဦးမောင်က ကော်ဖီတစ်ခွက်ကိုဖျော်ရင်း ပြတင်းပေါက်မှ အပြင်သို့တစ်ချက်ကြည့်လိုက်သည်။ ညကရွာထားသည့်မိုးမှာ ယခုအထိ မတိတ်ချင်သေးပေ၊ ကောင်းကင်တွင်လည်း တိမ်ညိုတိမ်လိပ်တွေက မှောင်မည်းနေပြီး အုံ့ဆိုင်းနေသည်။ မိုးကလည် းတဖွဲဖွဲနှင့် ရွာသွန်းနေလေသည်။ ဦးမောင်က ကော်ဖီပူပူကို တစ်ငုံသောက်လိုက်တော့မှ…