ပျောက်ဆုံးနေသော မိန်းကလေး (စဆုံး)
အခန်း(၁) ဦးထွန်းထွန်းဦးမှာ ကျူရှင်ဆရာတစ်ယောက်ဖြစ်သည်။ ငယ်စဉ်က ကျောင်းဆရာလုပ်ရန် ဝါသနာပါခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မလုပ်ဖြစ်ခဲ့။ ထို့နောက်အကိုဖြစ်သူနှင့်အတူ နိုင်ငံခြားသွားရောက်အလုပ်လုပ်ကိုင်ခဲ့သည်။ နိုင်ငံခြားရောက်သော်လည်း ဦးထွန်းထွန်းဦးမှာ အားလပ်သည့်အချိန်များတွင် အင်္ဂလိပ်စာကို လေ့လာ၏။ နိုင်ငံခြားတွင် အင်္ဂလိပ်ဘာသာသင်တန်းများတက်သည်။ နိုင်ငံခြားတွင် ၁၀ နှစ်ကျော် အလုပ်လုပ်ပြီးသော အခါ ဦးထွန်းထွန်းဦးတစ်ယောက် အတော်အတန်စုမိဆောင်းမိဖြစ်၍ မြန်မာနိုင်ငံသို့ပြန်လာခဲ့သည်။ ထိုခေတ်က ကျူရှင်များ၊ ဘော်ဒါဆောင်များ ခေတ်ကောင်းသည်။ ဦးထွန်းထွန်းဦးကလဲ သင်ကြားရေးကို ဝါသနာပါလေသည်။ ထို့ကြောင့် ဘော်ဒါဆောင်နှင့် ကျူရှင်ကို တွဲဖွင့်လိုက်သည်။ နာမည်ရ ဆရာ၊ ဆရာမများကို လစာများများပေး၍ ငှားရမ်းသည်။ သူစုဆောင်းထားသော ငွေများအားလုံးကို ဘော်ဒါတွင် မြှုပ်နှံလိုက်လေသည်။ သူကိုယ်တိုင်လဲ အင်္ဂလိပ်စာဆရာအဖြစ်သင်ကြားလေသည်။ တစ်နှစ်၊ နှစ်နှစ် အတွင်းမှာပင် ဦးထွန်းထွန်းဦး၏ ဘော်ဒါဆောင်မှာ နာမည်ကြီးပြီး အောင်မြင်သွားလေသည်။ နယ်မြို့လေးဖြစ်သည်မို့…