ဘဝဝဋ်ကြွေး
ဆရာချစ် ယနေ့ကျောင်းနောက်ကျသည်။ ကျောင်းဘာကြောင့် နောက်ကျရသနည်း။ “ရှင် တစ်နေ့တစ်နေ့ ဈေးဖိုးဒီလောက်ပဲပေးနေရင် ကျွန်မ ဘာမှ မချက်တတ်တော့ဘူး။ ဆန်ဈေး ကလည်းတက်၊ ဆီဈေးကလည်းတက်၊ အသားဈေး ငါးဈေးကလည်း မကပ်နိုင်၊ ဒီကြားထဲ ရပ်ကွက်ကလည်း ဟိုကြေး သည်ကြေးတွေကများ … ရှင်ပိုပြီး မရှာနိုင်တော့ဘူးလား” မနက်မိုးလင်းကတည်းက မိန်းမဖြစ်သူ ပြဿနာနှင့်ပူသည်။ တစ်ညလုံးလည်း မီးကင်းစောင့်ထားရသဖြင့် အိပ်ရေးကပျက်သည်။ ရေချိုးစရာ ရေမရှိသဖြင့် ကိုယ်တိုင်ထွက်ထမ်းရသည်။ ထမင်းစားမည်ဆိုတော့ မိန်းမက ဆူညံနေသည်။ ဒေါသတွေကို ငယ်ထိပ်မရောက်မီထိန်းကာ ကျောင်းကိုထွက်ခဲ့သည်။ စက်ဘီးက ဘီးပေါက်နေသည်။ ဘီးပေါက်ကိုဖာသည့်အခါတွင် စက်ဘီးပြင်ဆိုင်မှ ကိုဗေဒါက အကြွေးမရဟု ဆီးပြောသည်။ ကျောင်း ရောက်တော့ “ခင်ဗျား … ဘယ်လိုဖြစ်တာလဲ … ဆရာတွေကစပြီး စည်းကမ်းပျက်နေရင် ကလေးတွေကို ဘယ်လို…