ရွှေမြယာစံအိမ် (စဆုံး)
(ဖြစ်ရပ်မှန်တစ်ခုကို အခြေခံလျက် ရေးသားတင်ဆက်ထားခြင်းဖြစ်သည်။ ဇာတ်လမ်းပါ နာမည်များမှာ အမည်လွှဲများဖြစ်သော်လည်း ပြင်ပလောကနှင့် တိုက်ဆိုင်မှုတစ်စုံတစ်ရာရှိပါက တိုက်ဆိုင်မှုသက်သက်သာဖြစ်ပါကြောင်း ပန်ကြားအပ်ပါသည်) (၁) ကျွန်မနာမည်က ဒေါ်ညွန့်ဝေလို့ခေါ်ပါတယ်၊ ဒါကတော့ မှတ်ပုံတင်ထဲကနာမည်ပါ၊ တကယ့်နာမည်ကတော့ နန့်စုစံလို့ခေါ်ပါတယ်၊ ကျွန်မက ကရင်လူမျိုးပါဆရာ၊ ဒါပေမယ့် ကျွန်မနဲ့ခင်တဲ့သူတွေကတော့ မနန်းလို့ခေါ်ကြပါတယ်၊ နန့်ဆိုတဲ့စကားကို သူတို့မပီကြဘဲ အလွယ်တကူ မနန်းဆိုပြီး ဖြစ်သွားတာပေါ့ဆရာရယ်။ အခုပြောပြမယ့်အကြောင်းအရာတွေက လွန်ခဲ့တဲ့ ခုနစ်နှစ်လောက်က ကျွန်မကိုယ်တွေ့ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေပါဆရာ၊ ဒီအကြောင်းတွေက လိမ်တာညာတာတစ်ခွန်းမှမပါဘဲ ကျွန်မတကယ့်ကိုယ်တွေ့ဆိုတာကိုတော့ ဆရာ့ကိုဝန်ခံပါရစေ။ အဖြစ်အပျက်က ၂၀၁၆ခုနှစ် မိုးတွင်းတုန်းက ဖြစ်ခဲ့တာဆရာရေ။ ကျွန်မအကြောင်းကို အရင်ပြောပါရစေ၊ ကျွန်မက ပညာလည်းမတတ်ပါဘူး၊ ငယ်ငယ်က သုံးတန်းအထိပဲ ကျောင်းတက်ခဲ့ဖူးပါတယ်ဆရာ၊ ကျွန်မအပျိုပေါက်အရွယ်လောက်မှာ အိမ်က စီးပွားရေးမပြေလည်တာကြောင့် မြို့ပေါ်တက်ပြီးသူများအိမ်မှာ အလုပ်လိုက်လုပ်ရပါတယ်၊ အလုပ်ကတော့ အိမ်အလုပ်ပေါ့ဆရာ၊ တချို့က…