တံခါးပိတ်ချိန် (စဆုံး)
(နိဒါန်း) ၂၀၁၀ ခုနှစ်။ သီတင်းကျွတ်အဖိတ်နေ့ဖြစ်သည်။ အောင်သော်တစ်ယောက် ကားဝပ်ရှော့တွင် ကားတစ်စီးအား နောက်ဖုံးလဲနေလေသည်။ အော်သော်တို့ ကားဝပ်ရှော့သည် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် တည်ရှိသည်။ နာမည်အတော်အသင့်ရနေပြီမို့ အပ်ကားများလှသည်။ အောင်သော်မှာ ကားဝပ်ရှော့တွင် အလုပ်လုပ်ကိုင်နေသည်မှာ ၆ နှစ်ခန့်ရှိပြီမို့ ကားဝပ်ရှော့ပိုင်ရှင် သူဌေး ဦးကျော်မိုး၏ တပည့်ရင်းဖြစ်နေပြီဖြစ်သည်။ အောင်သော်တစ်ယောက် အလုပ်များနေစဉ် သူဌေးဦးကျော်မိုး၏ ကားမှာ ဝပ်ရှော့အရှေ့တွင် ရပ်လိုက်သည်။ “အောင်သော် အဖိတ်နေ့ကြီးကွာ မင်းမနားဘူးလား” ဦးကျော်မိုးက ပြောလိုက်သည်။ မှန်သည်။ သီတင်းကျွတ်ဖြစ်သဖြင့် အခြားကားဝပ်ရှော့အလုပ်သများများ အားလုံးလိုလို ခွင့်ယူကြသည်။ မိဘအိမ်ပြန်သူက ပြန်မည်၊ အမျိုးတွေရှိရာ ရွာသို့ပြန်သူက ပြန်မည်ဖြစ်သည်။ ဦးကျော်မိုးကလဲ ခွင့်ကို လေးငါးရက် ပေးသည်။ ခွင့်ပေးရုံမက ထိုကဲ့သို့ ကာလမျိုးတွင် ဆုကြေးအဖြစ် နောက်ထပ်တစ်လစာ ထပ်ပေးလေ့ရှိသည်။…