မုဆိုးကြီးဦးတောကျော်ပါဝင်သော သုံးချောင်းထောက် ဘဒင်
အပိုင်း (၂) ဇာတ်သိမ်း (၅) သေဆုံးသွားသည့် ဖိုးမောင်အမည်ရ နွားကျောင်းသားကလေးကို ရွာမှလူများက ကောက်ယူကာ သဂြိုဟ်လိုက်ကြသလို အဘိုင်၏ အလောင်းကိုလည်း သစ်ထုတ်စခန်းသို့ ပြန်လည်ယူဆောင်လာခဲ့ကြသည်။ နောက်တစ်နေ့ နေ့လည်မှာပင် အမဲလိုက်မုဆိုး အဘိုင်တစ်ယောက်အား သူမြတ်နိုးသည့် တောအုပ်ကြီးအတွင်းမှာပင် မြှုပ်နှံသဂြိုဟ်ပေးလိုက်လေသည်။ “သွားပေအုံးတော့ အဘိုင်ရေ၊ မင်းနဲ့ငါနဲ့က ခဏတာသိကျွမ်းဖို့ပဲ ရေစက်ပါလာတယ်ထင်ပါရဲ့ကွာ” သစ်ထုတ်လုပ်စခန်း၏ မြောက်ဘက်အကျဆုံး ရွက်ဖျင်တဲစခန်းလေးတွင် ယခုတော့ အဘိုင်လည်းမရှိတော့သလို၊ ကိုမျိုးလည်းမရှိတော့ပေ၊ ကိုမျိုးက လင့်စင်ပေါ်တွင် ကျားကြီးဘဒင်နှင့် ပက်ပင်းတိုးကာ သွေးပျက်ပြီး စိတ်ဖောက်သွားသည်ဟု ဆိုကြလေသည်။ ရွက်ဖျင်တဲသုံးလုံးက မြေပြောင်ပြောင်ကလေးတွင် အတိုင်းသားရှိနေသေးသည်။ ကျားကြီးဘဒင်က မုဆိုး အဘိုင်ကို သတ်ဖြတ်ခဲ့သည့်အပြင် ကိုမျိုးကိုပါ စိတ်ဖောက်သွားအောင်ပြုလုပ်ခဲ့သည်ဆိုသည့် သတင်းမှာ သစ်ထုတ်လုပ်ရေးစခန်းနှင့် အနီးအပါးမှ ရွာများကိုပါ ပျံ့နှံ့သွားသောကြောင့် ထိုဒေသရှိလူများအားလုံးမှာ ကျားကြီးဘဒင်က…
Read More “မုဆိုးကြီးဦးတောကျော်ပါဝင်သော သုံးချောင်းထောက် ဘဒင်” »