စုန်းထီးကြီးဦးဘသာနှင့် အရူးငဗျိုင်း
(၁) “မင်းငါနဲ့လိုက်ခဲ့မလား” ယာခင်းထဲကအပြန် ရွာထိပ်မှာဦးဘသာကြီးနဲ့တွေ့တော့ ဦးဘသာကြီးက ကျုပ်ကိုအဆက်အစပ်မရှိဘဲ ထပြောပါရောဗျာ။ “ဟာ၊ ဦးဘသာကြီးကလည်း ဘယ်ကိုလိုက်ရမှာလဲဗျ” “ငါ မိဝေနဲ့ ငဗျိုင်းကိုကယ်ရအုံးမယ်ကွ၊ နောက်ပြီး အဲဒီအောက်လမ်းဆရာကိုလည်း ငါဆုံးမချင်သေးတယ်၊ ဒါပေမယ့် ငါတစ်ယောက်ထဲသွားလို့မရဘူးကွ၊ လူတစ်ယောက်ရဲ့အကူအညီလိုတယ်” ဦးဘသာပြောတော့ ကျုပ်လည်းတော်တော်စိတ်ဝင်စားသွားတာဗျ၊ ဒါပေမယ့် အဲဒီအချိန်တုန်းကလည်း ဦးဘသာကို ရွာကလူတွေက အခေါ်အပြောမလုပ်ဘူးမဟုတ်လား၊ ကျုပ်အမေကလည်း ကျုပ်တို့ကိုဦးဘသာနဲ့ မပတ်သက်ဖို့ပြောထားတာဆိုတော့ အခုလိုလမ်းမှာတွေ့ပြီး စကားရပ်ပြောနေတာများအမေသိရင် ကျုပ်တို့ကို ကျောကွဲအောင်ဆော်ခံရမှာမဟုတ်လားဗျာ။ “လိုက်တော့လိုက်ချင်ပါတယ်ဗျ၊ ဒါပေမယ့် ယာခင်းတွေက ကျုပ်မရှိရင် လုပ်မယ့်လူမရှိဘူးလေဗျာ” ကျုပ်လည်း လိုက်တော့လိုက်ချင်ပေမယ့် အမေရိုက်မှာကြောက်တာနဲ့ ဒီလိုပဲ ကြည့်ကောင်းအောင် ပြောလိုက်ရတာပေါ့ဗျာ၊ ဦးဘသာကြီးကတော့ ခေါင်းညိတ်တယ်ဗျ။ “အင်းလေ၊ ငါက မင်းလိုက်မလားလို့ ခေါ်ကြည့်တာပါကွာ၊ မင်းမလိုက်လည်း ရွာရှည်ဘက်က ငါ့မိတ်ဆွေတစ်ယောက်ကို ခေါ်သွားရမှာပဲဟေ့” “ဒါနဲ့…