မီးလျှံကြားက ပန်းတစ်ပွင့်
အပိုင်း(၅) “လုပ်စမ်းပါ ကဖောရယ်၊ နင်လုပ်နိုင်ပါတယ်” ကဖောလည်း လချေရှီးကိုတွေ့လိုက်ရသည့်အခါ အားတက်သွားပြီးနောက် ဘန်ဝါး၏ အားနည်းချက်များကို လိုက်ရှာနေတော့သည်။ “ဘန်ဝါးရဲ့ တင်းပုတ်ရိုက်ချက်တွေက အားပြင်းပေမယ့် တစ်ကွက်နဲ့တစ်ကွက် အကူးအပြောင်းမှာ အချိန်နည်းနည်းကြာတယ်၊ အဲဒါ သူ့ရဲ့အားနည်းချက်ပဲ” အဖေဖြစ်သူ၏ ပြောစကားများကို ကြားယောင်နေလိုက်ပြီးနောက် ဘန်ဝါး၏တိုက်ကွက်များကို ပြန်လည်ခုခံရန်ကြိုးစားလိုက်သည်။ ဘန်ဝါးက တင်းပုတ်ကြီးနှင့် ကဖောကို မိုးရိုက်လိုက်သည့်အခါတွင် ကဖောက မြေကြီးတွင် အသာလှိမ့်ကာရှောင်လိုက်တော့သည်။ ထိုအခါ ဘန်ဝါးက တင်းပုတ်ဖြင့် ဝိုက်ပြီးရိုက်ရန်အတွက် တင်းပုတ်ကို ပြန်မယူလေသည်။ တင်းပုတ်မှာလေးသဖြင့်် ဘန်ဝါးအလျှင်အမြန်မယူသည့်တိုင် အနည်းငယ်ကြာမြင့်နေလေရာ ကဖောကလည်း ထိုအခွင့်အရေးကို လက်လွတ်မခံတော့ဘဲ ကျွမ်းတစ်ပတ်လှိမ့်ထိုးလိုက်ပြီးနောက် ဘန်ဝါး၏ ခြေထောက်အနီးသို့သွားလိုက်ကာ ဒူးခေါက်ကွေးကို လှံချွန်ဖြင့်ထိုးချလိုက်တော့သည်။ သစ်သားလှံပင်ဖြစ်သော်လည်း လှံချွန်က စူးနေသည့်အတွက် ဘန်ဝါးနာကျင်သွားကာ ဒူးတစ်ဖက်ထောက်ကျသွားတော့သည်။ ထိုအခါ ကဖောက ဘန်ဝါး၏…