စာတော်လူမိုက်
စာဖတ်ရတာနည်းနည်းရှည်တယ် အချိန်ပေးပြီးဖတ်ကြည့်စေချင်ပါတယ် “မောင်ဘုန်း . . .မင်း တော်တော်အသုံးမကျတဲ့ကောင်…” အဲ့ဒီစကားကို ကျွန်တော့်သူငယ်ချင်း အရင်းခေါက်ခေါက်ဖြစ်တဲ့ စိုင်းကျော်ထူးက ပြောတယ်။ သူက အလွန်ချမ်းသာတဲ့ သူဌေးတစ်ယောက်…။ တောင်ကြီးမှာ နေတယ်။ မန္တလေးကိုလာရင် တည်းခိုခန်းမှာ လချီပြီးတော့ တည်းတတ်တယ်။ အိမ်ထောင်မရှိတဲ့ မုဆိုးဖို…။ သားတစ်ယောက်၊ သမီးတစ်ယောက် ရှိတယ်။ သူ့သားသမီး (၂) ယောက်စလုံးက ကျွန်တော့်ရဲ့တပည့်တွေ…။ သား အကြီးကောင်က ဂျပန်မှာ အလုပ်လုပ်နေတယ်။ သမီးအငယ်မက အင်္ဂလန်မှာ ကျောင်းသွားတက်နေတယ်။ နှစ်ယောက်စလုံးက ဆရာဝန်တွေ…။ သူ့သမီးအငယ်မက ကလေးအထူးကုဆရာဝန် ဖြစ်ချင်တယ်။ ဆရာဝန်ထဲမှာ ကလေးအထူးကုက ဝင်ငွေ ပိုကောင်းတယ်လို ဆိုတာကြောင့် အင်္ဂလန်မှာသွားပြီး ကျောင်းတက်တယ်။ တစ်နေ့မှာ စိုင်းကျော်ထူး လေဖြတ်သွားတယ်။ အဲ့ဒီနေ့က မန္တလေးမှာ အပူလှိုင်းဖြတ်နေတဲ့အချိန်။…