စုန်းထီးကြီး ဦးဘသာနှင့် ကျုပ်တို့လယ် ကောက်စိုက်တုန်းက
အတွဲ(၃) စာစဉ်(၈) (၁) ပျိုးပင်တွေကောင်းကောင်းသန်ပြီဆိုရင် လယ်စိုက်ဖို့အချိန်ရောက်လာပြီပေါ့ဗျာ၊ အဲဒီပျိုးပင်တွေကို နှုတ်ပြီးတော့ စိုက်မယ့်ကွင်းတွေထဲမှာ ပြန်ပြီးကောက်စိုက်ရမှာပေါ့၊ လယ်လုပ်တာက တစ်ယောက်တစ်အားနဲ့လုပ်လို့ရပေမယ့် ကောက်စိုက်တာတို့ ကောက်ရိတ်တာတို့ကျရင်တော့ တစ်ယောက်အားနဲ့မရတော့ဘူးဗျ၊ ဒါနဲ့ ကောက်စိုက်ဖို့ လူလိုက်ရှာရတာပေါ့ဗျာ။ အခုလိုကောက်စိုက်ချိန်ဆိုရင်တော့ လူအင်အားက အတော်ရှားတာဗျ၊ တစ်ရွာလုံးက လယ်စိုက်တာဆိုတော့ အချိန်ကျလာရင် သူ့လယ်ကိုယ့်လယ်အပြိုင် ကောက်စိုက်ကြရတာကလား။ ကျုပ်လည်း မျက်နှာသစ်ပြီးတော့ အိမ်ပေါ်က မဆင်းခင် အိမ်ကထွက်ဖို့ပြင်နေတဲ့ အငယ်မနှစ်ယောက်ကို လှမ်းသတိပေးရသေးတယ်၊ အငယ်မတွေက ထဘီကိုတိုတိုဝတ်ပြီးတော့ ခေါင်းမှာလည်း ဝါးဖတ်တွေနဲ့လုပ်ထားတဲ့ ခမောက်ကြီးကြီးတွေဆောင်းရင်း အင်္ကျီလက်ရှည်တွေဝတ်ထားကြတာပေါ့၊ ဒီစတိုင်ကတော့ ကျုပ်တို့ဒေသရဲ့ ကောက်စိုက်တဲ့စတိုင်လို့ခေါ်မှာပေါ့ဗျာ၊ နေလောင်မှာကြောက်လို့ မျက်နှာတစ်ခုလုံးကိုလည်း သနပ်ခါးတွေဖုန်နေအောင်လူးပြီးတော့ လည်ပင်းတွေပါ အကုန်လူးထားတာဗျို့။ “ဟဲ့ အငယ်မ၊ နက်ဖြန် ငါတို့လယ်စိုက်မှာနော်၊ နင်တို့အားရဲ့လား” “အားပါတယ်အကိုလတ်ရဲ့၊ ဒါဆို အရီးဝိုင်းတို့လယ်ကို ဒီနေ့တစ်ရက်ပဲစိုက်ပေးလိုက်တော့မယ်၊…
Read More “စုန်းထီးကြီး ဦးဘသာနှင့် ကျုပ်တို့လယ် ကောက်စိုက်တုန်းက” »