နတ်မိစ္ဆာဖမ်းဆရာခမ်းနှင့် ကျားဖြူစံအိမ်တော်
အတွဲ(၃) အပိုင်း(၄) (၁) ခန်းမတံခါးကြီးပွင့်သွားပြီးနောက် ကြီးမားကျယ်ဝန်းသည့်အခန်းကြီးတစ်ခုအတွင်းသို့ ငခမ်းနှင့် ကျားဖြူသခင်ကြီးတို့ အတူတူဝင်လာခဲ့ကြသည်။ ထိုခန်းမကြီးတွင် ရွှေချထားသည့် တိုင်လုံးကြီးများက စီတန်းလျှက်တည်ရှိနေသည်။ ခန်းမကြီးတစ်ဖက်စွန်းတွင်လည်း ရွှေပိန်းချထားသည့် သလွန်ကြီးတစ်ခုရှိနေလေသည်။ ခန်းမကြီးအတွင်းလင်းထိန်နေစေရန်အတွက် ဆီမီးခွက်များကို အများအပြားထွန်းညှိထားလေသည်။ ကျားဖြူသခင်ကြီးက သလွန်ပေါ်တွင်ထိုင်ချလိုက်ပြီး “ဆိုစမ်းပါအုံး၊ ကွမ်ခမ်းရာ၊ မင်းလူတွေထဲမှာ ငါ့ရဲ့ရှင်မကို ဟောဒီလိုဖြစ်သွားနိုင်အောင် လုပ်တဲ့သူက မင်းလားကွ” ငခမ်းက ကျားဖြူသခင်မကို အသေအချာကြည့်လိုက်သည်။ “ကျုပ်သူ့ကိုမမြင်ဖူးဘူးဗျ” “ဒါဆိုရင်တော့ မင်းမဟုတ်ဘူးပေါ့၊ ဒါနဲ့ အဲဒီလူဘယ်သူလဲဆိုတာကို ငါသိချင်တယ်” ငခမ်းက ခေါင်းခါလိုက်သည်။ “ကျုပ်မသိဘူး” ထိုအခါ တိုင်လုံးတစ်လုံး၏ နောက်ကွယ်မှ ဦးခွန်သိုက်က ထွက်လာခဲ့သည်။ “ဓါးခုတ်ရင် လျှပ်ရောင်လျှပ်ပန်းထွက်သလို အလင်းတန်းကြီးထွက်သွားတဲ့ဓါး၊ တစ်နည်းပြောရရင် အရိပ်မဲ့ဓါးချက်ကို ခုတ်နိုင်တဲ့လူဆိုရင်တော့ မင်းသိမှာပေါ့” ငခမ်းက ထိုတော့မှ ခေါင်းညိတ်လိုက်ပြီး “အဲဒါ…